22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, May 8, 2012

မန်ယူထက် မန်စီးတီးကိုသာ ရွေးချယ် ဖြစ်နိုင်ကြောင်း ဟာဇက် အရိပ်အမြွက်ဆို

မန်ချက်စတာ နှစ်သင်းလုံး၏ စိတ်ဝင်စားမှုကို ခံနေရသော်လည်း မန်ချက်စတာ စီးတီးသို့သာ မိမိ အနေဖြင့် ပြောင်းရွှေ့ဖြစ်ဖွယ် ရှိနေကြောင်း အီဒင်ဟာဇက်က အရိပ်အမြွက် ပြောကြားလိုက်သည်။

ဘယ်လ်ဂျီယံ လက်ရွေးစင် Playmakerအား ပြင်သစ် သတင်းဌာန တစ်ခုက လာမည့်ရာသီ မည်သည့်အသင်းထံ သွားကစား ဖြစ်မည်ကို မေးမြန်းခဲ့ရာ ၎င်းက အပြာရောင်ကိုသာ ရွေးချယ်မည်ဟု ဖြေကြားသွားသည်။ ရာသီကုန်တွင် ပြင်သစ် ချန်ပီယံ လိုင်လီမှ ထွက်ခွာမည်ဟု အတည် ပြုထားသော ဟာဇက်သည် မိမိ၏ အနာဂတ်ကို အင်္ဂလန် ဘောလုံး လောကတွင် မြှုပ်နှံမည်ဟု ၀န်ခံထားပြီး ဖြစ်သည်။ ယခုအခါ မန်စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီ အားတက်စေမည့် စကားမျိုးကို အသက်(၂၁)နှစ်ရှိ ဟာဇက်က ဖွင့်ဟလာခဲ့သည်။

Canal+ နှင့် အင်တာဗျူးတွင် ဟာဇက်က "ကျွန်တော်က မန်ချက်စတာ နှစ်သင်းလုံးကို သဘော ကျပါတယ်။ နှစ်သင်းလုံးရဲ့ အရောင်တွေကို ကြိုက်တယ်။ နှစ်သင်းလုံးလည်း ကျွန်တော်နဲ့ ကိုက်ညီမယ် ထင်ပါတယ်" ဟု ပြောကြားခဲ့သည်။ သို့သော် သတင်း ဌာနက ဟာဇက်အား အနာဂတ်ကို တိတိကျကျ ရွေးချယ်ထားပြီး ဟုတ်မဟုတ် မေးမြန်းရာ "အပြာရောင်ပေါ့။ ကျွန်တော် လာမယ့်ရာသီ အပြာရောင်ကို ၀တ်ပါမယ်။ သေချာပေါက် အပြာရောင်ပါပဲ" ဟု ဟာဇက်က ဖြေဆိုသွားခဲ့သည်။ သို့သော်လည်း အချို့ သတင်းများက မန်စီးတီးသည် ဟာဇက်နှင့် လုပ်ခလစာ ညှိနှိုင်းမှု အဆင်မပြေသေးရာ အရန်ပစ်မှတ် တစ်ဦးကို ချိန်ရွယ်နေကြောင်းလည်း ဖော်ပြခဲ့သည်။

ကျွန်တော် လာမယ့်ရာသီ အပြာရောင်ကို ၀တ်ပါမယ်။ သေချာပေါက် အပြာရောင်ပါပဲ...
Daily Mail က မန်စီးတီးသည် မော်ရိုကို တိုက်စစ်သမား ယူနက်စ် ဘယ်လ်ဟန်ဒါကို ချိတ်ဆက်နေကြောင်း ရေးသားခဲ့သည်။ ပြင်သစ်လိဂ် အခြေစိုက် ကစားသမား တစ်ဦးပင်ဖြစ်သော ဘယ်လ်ဟန်ဒါသည် ယခုရာသီတွင် မွန့်ပယ်လီယေး အသင်းအတွက် (၁၂)ဂိုး သွင်းယူပြခဲ့ပြီး ပြင်သစ် တစ်နှစ်တာ အကောင်းဆုံး လူငယ်ဆု ဆန်ခါတင် စာရင်းတွင် ပါဝင်ခဲ့သည်။ ဘယ်လ်ဟန်ဒါသည် မွန့်ပယ်လီယေး အကယ်ဒမီထွက် ကစားသမား တစ်ဦးဖြစ်ပြီး ဆမ်မီနာဆရီနှင့် ရောဘတ်ပီရက်စ် လက်သစ်အဖြစ် ညွှန်းဆိုခံနေရသည်။
Ref: Goal, Daily Mail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )