လေတန်ဘိန်းစ်ကို ခေါ်ယူရန် မန်ချက်စတာ ယူနိုက်တက်က အရှိန်မြှင့် လုပ်ဆောင် လာခြင်းနှင့် အတူ အိုးလ်ထရက်ဖို့ဒ်တွင် ပက်ထရစ် အီဗရာ၏ အနာဂတ်သည် မရေမရာ ဖြစ်လာခဲ့သည်။
မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် အင်္ဂလန် လက်ရွေးစင် ဘယ်နောက်ခံလူအား အဲဗာတန် အသင်းထံမှ ခေါ်ယူသွားရန် အတွက် ပေါင်စတာလင် (၁၀)သန်း ၀န်းကျင်ဖြင့် ကမ်းလှမ်းရန် စီစဉ်နေသည်။ တည်ကန်ဘော စပယ်ရှယ်လစ် ဘိန်းစ်သည် အဲဗာတန်တွင် ဘောလုံး ရာသီအချို့ ခြေစွမ်းပြ ကစား ပေးပြီးနောက် ချန်ပီယံ လိဂ်တွင် ကစားခွင့် ရရေး အတွက် မျှော်မှန်းလျှက် ရှိသည်။ ဘိန်းစ်ကို မန်ယူအပြင် ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်ကလည်း ချိတ်ဆက်နေရာ ဖာဂူဆန် အနေဖြင့် အသက်(၂၇)နှစ် အရွယ် ကစားသမားကို ခေါ်ယူရေးတွင် ပြိုင်ဘက်ကောင်းနှင့် ရင်ဆိုင် နေရသည်။

PFA လက်ရွေးစင် အသင်းတွင် ရွေးချယ်ခံရသူ ဘိန်းစ်
ဖာဂူဆန်သည် ဘိန်းစ်အား ပေါင်စတာလင် (၆)သန်းမျှဖြင့် စတင် ကမ်းလှမ်းရန် မျှော်လင့် ထားသော်လည်း ယင်းထက် ဈေးတိုး ပေးရဖွယ် ရှိနေကြောင်း Mirror သတင်း ဌာနက ဖော်ပြခဲ့သည်။ မန်ယူ အသင်းတွင် လက်ရှိ အသင်းခေါင်းဆောင် တာဝန် ယူထားသူ ပြင်သစ် လက်ရွေးစင် အီဗရာသည် အသက်(၃၁)နှစ် ရှိနေပြီဖြစ်ပြီး မန်ယူတွင် (၆)နှစ်ကြာ ကစားပြီး ဖြစ်သည်။ ယခုရာသီတွင် အီဗရာသည် မြန်နှုန်း သိသိသာသာ ကျဆင်း လာသည့်နောက် ပရီးမီးယားလိဂ် အကောင်းဆုံး PFA လက်ရွေးစင် အသင်းတွင် ရွေးချယ်ခံရသူ ဘိန်းစ်နှင့် တိုက်ရိုက် အစားထိုးရန် ဖာဂူဆန်က ရည်ရွယ်ထားသည်။
မန်ယူသည် ဘိန်းစ်ကို ခေါ်ယူဖြစ်ပါက အီဗရာအနေဖြင့် အသင်းမှ သေချာပေါက် ထွက်ခွာဖွယ် ရှိနေသည်။ ဘိုင်ယန် အသင်းသည် လတ်တလောတွင် ဘယ်နောက်ခံ နေရာအတွက် ထူးချွန်သော ကစားသမား မရှိဘဲ နည်းပြ ဂျပ်ဟင်းကက်စ်က ဩစတြီးယား လူငယ် ကွင်းလယ် ကစားသမား ဒေးဗစ် အလာဘာအား အဆိုပါ နေရာတွင် အသုံးပြုနေရသည်။
Ref: Daily Mail
ယခုရာသီတွင် အီဗရာသည် မြန်နှုန်း သိသိသာသာ ကျဆင်း လာသည့်နောက် ပရီးမီးယားလိဂ် အကောင်းဆုံး PFA လက်ရွေးစင် အသင်းတွင် ရွေးချယ်ခံရသူ ဘိန်းစ်နှင့် တိုက်ရိုက် အစားထိုးရန် ဖာဂူဆန်က ရည်ရွယ်ထား...



10:37 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com