22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, June 1, 2012

မန်စီးတီး တိုက်စစ်မှူး ဂျက်ကိုအား ခေါ်ယူရန် ဘိုင်ယန် ကြိုးပမ်းနေ

ဘိုင်ယန်မြူးနစ် အသင်းသည် မန်ချက်စတာ စီးတီး တိုက်စစ်မှူး အီဒင်ဂျက်ကိုအား ခေါ်ယူနိုင်ရန် အလေးအနက် ကြိုးပမ်းနေကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဘောလုံး ရာသီက အဓိက ပြိုင်ပွဲကြီး (၃)ခုလုံးတွင် ဒုတိယဆု များဖြင့်သာ ကျေနပ် ခဲ့ရသော ဂျာမန် ထိပ်တန်း ကလပ် အသင်းကြီးသည် ဘော့စ်နီးယား လက်ရွေးစင်အား ကမ်းလှမ်းမှု တစ်ခု ပြုလုပ်သွားရန် အသင့် ရှိနေကြောင်း သတင်းများက ဆိုသည်။ သို့သော်လည်း မန်စီးတီး အသင်းသည် ၎င်းတို့ ပွဲထွက် နေရာ မပေးနိုင်သော ကစားသမား အတွက် မြင့်မားသော ပြောင်းရွှေ့ကြေးမျိုး တောင်းဆို လာနိုင်ခြင်းက ဘိုင်ယန်အတွက် အခက်အခဲ တစ်ခု ဖြစ်လာဖွယ် ရှိနေသည်။
ဘိုင်ယန်မြူးနစ်မှ စောင့်ကြည့်နေသည့် ဂျက်ကို

လက်ရှိတွင် ဘိုင်ယန်သည် အဓိက တိုက်စစ်မှူး မာရီယိုဂိုမက်ဇ်အား တစ်နှစ်လုပ်ခ ယူရို(၉)သန်းဖြင့် (၂၀၁၆)ခုနှစ်ထိ စာချုပ်ထားပြီး ဖြစ်သည်။ သို့သော်လည်း တိုက်စစ်ပိုင်းတွင် အားဖြည့်မှုများ ပြုလုပ်ရန် ရည်ရွယ်ထားသော ဘိုင်ယန်သည် မွန့်ပယ်လီယေးမှ အိုလီဗာဂီရော့ဒ်၊ တွမ်တီးမှ လုခ်ဒီဂျောင်နှင့် အန်းဒါးလက်ခ်ျမှ မာတင်ဆွာရက်ဇ်တို့ကိုလည်း ချိတ်ဆက်နေသည်။ အသက်(၂၆)နှစ်ရှိ ဂျက်ကိုသည် ဘွန်းဒစ်လီဂါ အတွေ့အကြုံကောင်းများ ပိုင်ဆိုင်ထားသူ ဖြစ်ပြီး ၎င်းသည် (၂၀၀၉)ခုနှစ်က ၀ုလ်ဖ်ဘာ့ဂ်အသင်းနှင့်အတူ ဂျာမန် ချန်ပီယံ ဆုကို ရရှိခဲ့ဖူးသည်။
အဓိက ပြိုင်ပွဲကြီး (၃)ခုလုံးတွင် ဒုတိယဆု များဖြင့်သာ ကျေနပ် ခဲ့ရသော ဂျာမန် ထိပ်တန်း ကလပ် အသင်းကြီးသည် ဘော့စ်နီးယား လက်ရွေးစင်အား ကမ်းလှမ်းမှု တစ်ခု ပြုလုပ်သွားရန် အသင့် ရှိနေ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )