22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, June 1, 2012

ဘားအတွက် စပါးနှင့် အပြိုင် ဖြစ်လာသည့် ချယ်လ်ဆီး

ချယ်လ်ဆီး အသင်းနှင့် တော့တင်ဟမ် ဟော့စပါးတို့သည် ဒမ်ဘာဘားအား ရရှိရေး အတွက် အပြိုင်အဆိုင် ဖြစ်နေကြောင်း သိရှိရသည်။

Daily Mirror သတင်းစာက ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှူးအား ခေါ်ယူရေး အတွက် လန်ဒန်ပြိုင်ဘက် နှစ်သင်း အကြိတ်အနယ် ရှိနေကြောင်း ဖော်ပြခဲ့သည်။ စပါးသည် အသက်(၂၇)နှစ်ရှိ ဘားကို နယူးကာဆယ်လ် ယူနိုက်တက်ထံမှ ပေါင်စတာလင် (၇)သန်း ၀န်းကျင်ဖြင့် ခေါ်ယူနိုင်ရန် ကြိုးစားနေစဉ် ချယ်လ်ဆီးကပါ ကြားဝင်လာခြင်း ဖြစ်သည်။ ဒီဒီရာ ဒရော့ဂ်ဘာ အသင်းမှ ထွက်ခွာမည့် အခြေအနေတွင် အစားထိုးရန် လူသစ် ရှာနေသော ချယ်လ်ဆီးသည် ပြီးခဲ့သည့် ရာသီက နယူးကာဆယ်လ် အတွက် (၁၆)ဂိုး သွင်းယူပေးသော ကစားသမားအား အလို ရှိနေခြင်း ဖြစ်သည်။
လန်ဒန် အသင်းများ အလိုရှိနေသည့် ဘား

နယူးကာဆယ်လ်သည် ဆီနီဂေါ တိုက်စစ်အတွဲဖြစ်သည့် ပက်ပစ်ဆစ်ဆေးနှင့် ဘားတို့ကို ဆက်ထိန်းထားရန် ဆန္ဒ ရှိနေသော်လည်း ဘားသည် နွေရာသီတွင် အသင်းမှ ထွက်ခွာရန် အလားအလာ များနေသည်။ ဘားသည် လတ်တလောတွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၅၀၀၀၀)မျှသာ ရရှိနေပြီး ချယ်လ်ဆီးသည် ယင်း၏ (၂)ဆမျှ ပေးချေနိုင်စွမ်း ရှိနေရာ နယူးကာဆယ်လ် အနေဖြင့် ၎င်းတို့၏ ကစားသမားအား ဆက်ထိန်းနိုင်ရန် ခက်ခဲဖွယ် ရှိနေသည်။ စပါးသည်လည်း အငှား ခေါ်ယူထားသော တိုက်စစ်မှူး အီမန်နျူရယ်လ် အဒီဘာယောအား အပြီးသတ် စာချုပ်နိုင်ရန် ခက်ခဲ နေသည့်နောက် ဘားအား ချိတ်ဆက် ကမ်းလှမ်းရန် စီစဉ်နေခြင်း ဖြစ်သည်။
စပါးသည် အသက်(၂၇)နှစ်ရှိ ဘားကို နယူးကာဆယ်လ် ယူနိုက်တက်ထံမှ ပေါင်စတာလင် (၇)သန်း ၀န်းကျင်ဖြင့် ခေါ်ယူနိုင်ရန် ကြိုးစားနေစဉ် ချယ်လ်ဆီးကပါ ကြားဝင်လာ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )