ဥရောပ ဖလား ဘောလုံး ပြိုင်ပွဲကို လာရောက် အားပေးသည့် ပရိသတ်များ အနေဖြင့် လူစားသော မြစ်ကြီးထဲ ခုန်မချရန် ယူကရိန်း အစိုးရက ပန်ကြားထားသည်။
ဒီနီပရို မြစ်ကြီးသည် ရေဆင်းကူးရင်း အသက် ဆုံးရှုံးခဲ့သူ အများအပြား ရှိခဲ့သော နေရာလည်း ဖြစ်သည်။ ဥရောပ ဖလားတွင် လာရောက် အားပေးသော ပရိသတ်များသည် အရက်သေစာ မူးရူး သောက်စားကာ အပျော်လွန်ပြီး မြစ်ထဲသို့ ခုန်ချမည်ကို တာဝန် ရှိသူများက စိုးရိမ်နေသည်။ ကိယက်ဗ်မြို့တော် အုပ်ချုပ်ရေး အဖွဲ့က ဘောလုံး ပြိုင်ပွဲကြီးသို့ လာရောက်ကြမည့် ပရိသတ်များ အားလုံးထံသို့ ဦးတည်ကာ ကြေညာချက် တစ်စောင် ထုတ်ပြန်ပြီး မြစ်ကြီး၏ အန္တရာယ် ရှိမှုကို သတိပေး နှိုးဆော်ခဲ့သည်။

ကိယက်ဗ်မြို့ရှိ ဒီနီပရို မြစ်
ကိယက်ဗ် မြို့တော်ဝန်၏ ရုံးခန်းက "ဒီကိစ္စဟာ လုံခြုံရေးနဲ့ ဆိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ စိုးရိမ် ထိတ်လန့်စရာ အဖြစ်မျိုးတွေ မကြုံလာ စေချင်ဘူး" ဟု ပြောကြားခဲ့သည်။ ဒီနီပရို မြစ်ကမ်းရှိ ကျယ်ပြောသော သဲသောင်ပြင်များ ပေါ်တွင် ကိယက်ဗ်မြို့ခံများသည်လည်း အပမ်းဖြေလေ့ ရှိကြသည်။ ရဲတပ်ဖွဲ့၏ အဆိုအရ နှစ်စဉ်နှစ်တိုင်း ဒီနီပရို မြစ်ထဲတွင် လူပေါင်း ဒါဇင် အတော်များများ ရေနစ် သေဆုံးလေ့ ရှိကြောင်း သိရှိရသည်။
ဒီကိစ္စဟာ လုံခြုံရေးနဲ့ ဆိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ စိုးရိမ်ထိတ်လန့်စရာ အဖြစ်မျိုးတွေ မကြုံလာ စေချင်ဘူး...



6:20 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com