22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 14, 2012

ဗန်ပါစီအား ဥရောပ ဖလား မတိုင်မီ သက်တမ်းတိုး စာချုပ်ရန် ၀င်းဂါးရည်ရွယ်

ပရီးမီးယားလိဂ်တွင် တတိယ နေရာဖြင့် ရာသီ သိမ်းနိုင်ခဲ့ပြီးနောက် အာဆင်နယ် အသင်းအတွက် ယခုလက်ရှိ အရေး အကြီးဆုံး ဦးတည်ချက်သည် ရော်ဘင်ဗန်ပါစီကို သက်တမ်းတိုး စာချုပ်နိုင်ရေး ဖြစ်လာသည်။

အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက အားထားရသော အသင်းခေါင်းဆောင် တိုက်စစ်မှူးကို ဥရောပဖလား ဘောလုံးပြိုင်ပွဲကြီး မစတင်မီ စာချုပ်သစ် ချုပ်ဆိုရန် ကြိုးစား သွားမည်ဟု ပြောကြားခဲ့သည်။ အာဆင်နယ်သည် ၀က်စ်ဘရွန်းဝစ်ခ်ျကို အနိုင်ရပြီးနောက် မြို့ခံပြိုင်ဘက် တော့တင်ဟမ် ဟော့စပါးအထက် တတိယ နေရာဖြင့် ရာသီ သိမ်းနိုင်ခဲ့သည်။ ၀င်းဂါးက ချန်ပီယံလိဂ် တိုက်ရိုက် ၀င်ခွင့်ကြောင့် နယ်သာလန် လက်ရွေးစင်ကို ဆက်ထိန်းထားနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အာဆင်နယ်နှင့် စာချုပ်ချုပ်ဖွယ် ရှိသည့် ဗန်ပါစီ

"ချန်ပီယံလိဂ် ၀င်ခွင့်က ဗန်ပါစီကို ဆက်ထိန်းထားဖို့ အာမခံချက် ဖြစ်မလား။ ဒါကို ကျွန်တော် မသိသေးဘူး။ ဘာပဲဖြစ်ဖြစ် အသင်းက ကစားသမားကောင်းတွေကို ထိန်းသိမ်းထားဖို့ အတွက်ကတော့ ဒါဟာ ဆွဲဆောင်မှုကောင်း တစ်ခုပါပဲ"ဟု ၀င်းဂါးက ဆိုသည်။ "ကျွန်တော်တို့ ဗန်ပါစီနဲ့ စကားပြောဖို့ စိတ်ကူးထားပြီးပါပြီ။ နယ်သာလန် လက်ရွေးစင် အသင်းကို သူသွားမပူးပေါင်းခင် ဆွေးနွေးပါမယ်။ ကျွန်တော်က ဒီရာသီမှာ အသင်းရဲ့ ဖြတ်သန်းခဲ့မှုအတွက် ဂုဏ်ယူနေမှာပါ။ အာဆင်နယ်ဟာ ပေါင်းစည်းမှု၊ ညီညာမှုတွေနဲ့အတူ အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီရာသီမှာ ကျဆုံးခဲ့တယ်လို့ ကျွန်တော် မထင်ပါဘူး"ဟုလည်း ၀င်းဂါးက ပြောကြားသွားခဲ့သည်။
Ref: Daily Mail
ကျွန်တော်တို့ ဗန်ပါစီနဲ့ စကားပြောဖို့ စိတ်ကူးထားပြီးပါပြီ။ နယ်သာလန် လက်ရွေးစင် အသင်းကို သူသွားမပူးပေါင်းခင် ဆွေးနွေးပါမယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )