မြန်မာနိုင်ငံတွင် လက်ရှိအုပ်ချုပ်နေတဲ့မြန်မာအစိုးရထံ တိုင်းရင်းသားလူမျိုးစုတစုဖြစ်တဲ့ ဇိုမီး လူမျိုးစုတစုက အသိအမှတ်ပြုပြီး တိုင်းရင်းသားလူမျိုးဆိုင်ရာ ရပိုင်ခွင်နှင့် လွတ်လပ်ခွင့်ပေးရန်အတွက် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် သြစတျေးလျနိုင်ငံများသို့ ရောက်နေကြသည့် ဇိုမီးလူမျိုးစုများ စုပေါင်း၍ ၎င်းနိုင်ငံအသီးသီးရှိ မြန်မာသံရုံးများသို့ သွားရောက်ဆန္ဒပြ တောင်းဆိုမှုတွေကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆန္ဒပြပွဲ ဖြစ်မြောက်ရေးအဖွဲ့က "ဇိုမီးအမျိုးသားကွန်ဂရက်ကို ၁၉၈၉ခုနှစ်က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနဲ့အညီ ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့၊ ချင်းပြည်နယ်၊ တီးတိန်မဲဆန္ဒနယ်မြေမှာ ပူကျင်ရှင်းထန် နဲ့ တောင်ဇာ မဲဆန္ဒနယ်မြေက ပူတန်းလျာပေါင်း တို့ကရွေးကောက်ခံခဲ့ရတဲ့အကြောင်း၊ ဒါကြောင့်လက်ရှိအစိုးရအနေနဲ့ မြန်မာတိုင်းရင်းသားလူမျိုးစုတွေထဲမှာ ဒီလူမျိုးစုတွေကို အသိအမှတ်မပြုတာတွေ၊ ရပိုင်ခွင့်မပေးတာတွေဟာ လူမျိုးရေးခွဲခြားနှိမ်နင်းမှုဖြစ်တယ်"လို့ ဆိုသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ထွန်းကားရေးပန်းတိုင် ဦးတည်လာသည်နှင့်အမျှ တိုင်းရင်းသားလူမျိုးစုတိုင်း ရပိုင်ခွင့်များ၊ လွတ်လပ်ခွင့်များကို မေလ ၂၈ရက်နေ့တွင် ချီတက်ဆန္ဒပြတောင်းဆိုသွားမည်ကြာင်း သိရသည်။

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com