22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 24, 2012

ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့တွင် တည်ဆောက်မည့် စီမံကိန်း၂၀၃ ခုအတွက် ကုန်ကျစရိတ် ထိုင်းဘတ် ၃၁ ဘီလျံအား ထိုင်းအစိုးရအဖွဲ့မှ အတည်ပြု

ထားဝယ် အထူးစီးပွားရေးဇုန်သွားရာလမ်းရှိ တံတားတစ်စင်း

မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့တွင် တည်ဆောက်မည့် စီမံကိန်း ၂၀၃ ခုအတွက် ကုန်ကျစရိတ် ထိုင်းဘတ်ငွေ ၃၁ ဘီလျံ (အမေရိကန် ဒေါ်လာ ၁ ဘီလျံ)အား ထိုင်းအစိုးရမှ အတည်ပြုလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင် ရေးသား ဖော်ပြထားချက်များအရ သိရှိရသည်။

အဆိုပါ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းမှာ ထိုင်းနိုင်ငံအတွက် အာဆီယံဒေသနိုင်ငံများနှင့် ချိတ်ဆက်၍ရသော ပေါင်းကူးသဖွယ် ဖြစ်လာမည်ဖြစ်ကြောင်း သိရှိရသည်။ ထိုင်းအစိုးရအနေဖြင့် ထားဝယ်ဒေသ ဖွံ့ဖြိုးရေး အပါအ၀င် ရေနက်ဆိပ်ကမ်း စက်မှုဇုန် ဖွံ့ဖြိုးရေးများကိုပါ ဆောင်ရွက်နေကြောင်း၊ အဆိုပါစီမံကိန်းမှာ မြန်မာ့စီးပွားရေးကိုပါ တိုးတက်လာစေမည့်အပြင် စီမံကိန်းပြီးစီးပါက ထိုင်းနိုင်ငံ အနောက်ဘက်ခြမ်းဒေသအား နိုင်ငံတကာ စီးပွားရေးအရ ဗဟိုအချက်အချာကျသော နေရာတစ်ခုဖြစ်လာမည်ဟု မျှော်မှန်းထားကြောင်း သိရှိရသည်။

ထိုင်းအစိုးရအနေဖြင့် ထိုင်းနိုင်ငံ ကစ်ရှနာဘူရီမှ မြန်မာနိုင်ငံ ထားဝယ်သို့ ဖောက်လုပ်မည့် အဝေးပြေးလမ်း ဖောက်လုပ်ရေး စီမံကိန်းအတွက် မြန်မာအစိုးရဘက်မှလည်း အကူအညီပေးရန် တိုက်တွန်းထားကြောင်း သိရှိရသည်။

ဘန်ကောက်ပို့စ် သတင်းစာ၏ ရေးသားဖော်ပြချက်အရ အဆိုပါစီမံကိန်းမှာ ထားဝယ်နှင့်ထိုင်း-မြန်မာ နယ်စပ်သို့ လေးလမ်းသွား ဖောက်လုပ်မည့် စီမံကိန်းပါဝင်ပြီး သိုလှောင်ကန်များ၊ ကျောက်မီးသွေးစက်ရုံ၊ စက်မှုဇုန် အတွင်း လမ်းဖောက်လုပ်မှု၊ အိမ်ရာဖော်ဆောင်မှု၊ အစိုးရရုံး အဆောက်အအုံများ ဆောက်လုပ်မှု၊ ရေပေးဝေမှု အစီအစဉ် ရေမြောင်းဖောက်လုပ်မှု ရေဆိုး သန့်စင်ရေးစနစ်များပါ ထည့်သွင်း စီစဉ်ဆောင်ရွက် သွားမည်ဖြစ် ကြောင်း သိရှိရသည်။ ဒုတိယအဆင့် စီမံကိန်းကိုမူ ၂၀၁၈ ခုနှစ်တွင် စတင် အကောင်အထည်ဖော်မည်ဖြစ်ပြီး အ ဆိုပါအဆင့်တွင် ဈေးဝယ်စင်တာများနှင့် ရှစ်လမ်းသွားလမ်း ဖောက်လုပ်မှုများပါ ပါဝင်ကြောင်း သိရှိရသည်။

ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်မှု စီမံကိန်းအား အဆင့်သုံးဆင့်လျာထားပြီး ယေဘုယျအားဖြင့် လမ်းပန်းဆယ်သွယ်ရေးအနေဖြင့် ထားဝယ်ရေနက်ဆိပ်ကမ်း စက်မှုဇုန်နယ်မြေနှင့် ထိုင်းနိုင်ငံ ကစ်ရှနာဘူရီသို့ သွယ်တန်းဖောက်လုပ်မည့် ၁၀၅ မိုင်အရှည်ရှိ ရှစ်လမ်းသွား စူပါဟိုင်းဝေး ကားလမ်းပါဝင်ကြောင်း၊ ထို့အတူ ရထားလမ်း၊ ဓာတ်အားလိုင်းများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ပါဝင်မည်ဖြစ်ပြီး နယ်ခြားဝင်ထွက်ဇုန်များလည်း ပါဝင်မည်ဖြစ်သည်ဟု သိရှိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )