22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 24, 2012

မြောက်ကိုရီးယား စပါးကျီဒေသတွင် ငတ်မွတ်ခေါင်းပါးမှုဖြစ်ပေါ်

ပြုံယမ်းမှ ထွက်ခွာလာသော ရထားလမ်းဘေးရှိ စိုက်ခင်းတစ်ခုကို တွေ့ရစဉ် Photo:AFP
မြောက်ကိုရီးယားတွင် စားနပ်ရိက္ခာ ပြတ်လတ်မှုများသည် နိုင်ငံအနောက်တောင်ပိုင်းရှိ ဆန်ထွက်ရှိရာ ဒေသတွင်ပင် ဆိုးရွားလာခဲ့ကြောင်းနှင့် အဆိုပါဒေသတွင် နေထိုင်သူအချို့သည် ငတ်မွတ်မှုကြောင့် သေဆုံးခဲ့သည်ဟု ဆိုးလ်အခြေစိုက် အွန်လိုင်း သတင်းစာတစ်ခုတွင် မေလ ၂၁ ရက်နေ့က ဖော်ပြခဲ့သည်။

''ဒီနှစ်အတွင်းမှာ စားနပ် ရိက္ခာ ဆိုးရွားစွာ ပြတ်လတ်မှုကြောင့် Hwanghae ပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းက လူအချို့တောင်မှ ငတ် ပြီး သေကြပါတယ်''ဟု Daily NK သတင်းထောက်တစ်ဦးက မြောက်ကိုရီးယား၏ စိုက်ပျိုးရေး ဗဟိုချက်ဖြစ်သည့် ဒေသများကို ရည်ညွှန်းပြီး  အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

အိမ်ထောင်စုတစ်စုစီအတွက် ပြောင်းတစ်ကီလိုဂရမ် (သို့မဟုတ်) နှစ်ကီလိုဂရမ် အရေးပေါ် ထောက်ပံ့ပေးရန် အာဏာပိုင်များက ထုတ်ပြန်ခဲ့ပြီးနောက်တွင် Shingye  စီရင်စုရှိ ကျေးရွာတစ်ခုမှ လူခြောက်ဦး သေဆုံးခဲ့ကြောင်း အွန်လိုင်းသတင်းစာတွင် ဖော်ပြခဲ့သည်။

ဆောင်းရာသီအတွင်း စားနပ်ရိက္ခာ ပြတ်လတ်ခဲ့ပြီးနောက် ဧပြီလတွင် Haeju  ကမ်းရိုးတန်းမြို့အနီး ရှိ နိုင်ငံပိုင်လယ်ယာတစ်ခုစီ၌ အစာငတ်ပြီး သေဆုံးသူ (၁၀)ဦးနီးပါးရှိကြောင်း သတင်းရင်းမြစ်တစ်ဦး၏ ပြောပြချက်ကို ဆိုးလ်အခြေစိုက် အွန်လိုင်းသတင်းစာတွင် ဖော်ပြခဲ့သည်။

Hwanghae ပြည်နယ် တောင်ပိုင်းတစ်ခုလုံးတွင် အစာငတ်မွတ်သည့် ဒုက္ခသည်များစွာ ရှိနေဆဲဖြစ်ကြောင်း ဆိုးလ်အခြေစိုက် Good Friends အကူအညီပေးရေးအဖွဲ့၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ်အတွက် ရက် ၁၀၀ ၀မ်းနည်းခြင်း အထိမ်းအမှတ်ကာလအတွင်း ရောင်းဝယ်ဖောက်ကားမှုပြုလုပ်ခြင်းနှင့် ခရီးသွားမှုများကို ကန့်သတ်ခဲ့မှုများကြောင့် Hwanghae ပြည်နယ် တောင်ပိုင်းဒေသတွင် စားနပ်ရိက္ခာ ပြတ်လပ်မှုများ ပိုမိုဆိုးရွာလာခြင်းဖြစ်ကြောင်း အဆိုပါသတင်းစာတွင် ဖော်ပြခဲ့သည်။
Ref:AFP
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )