ချန်ပီယံလိဂ် ၀င်ခွင့်အတွက် အမှတ်ပေးဇယား စတုတ္ထနေရာကို ရရှိရန် မျှော်လင့်ချက် နည်းနေပြီ ဖြစ်သော်လည်း လီဗာပူးလ်နှင့် ပွဲစဉ်တွင် ချယ်လ်ဆီးသည် တောင့်တင်းသော လူစာရင်းကိုသာ ပွဲထုတ် သွားမည်ဟု သိရသည်။
ချယ်လ်ဆီးသည် လက်ရှိ အမှတ်ပေး ဇယား စတုတ္ထ နေရာမှာ တော့တင်ဟမ် ဟော့စပါးနှင့် (၅)မှတ် ကွာဟနေပြီး (၂)ပွဲ လက်ကျန် ရှိနေသေးသည်။ စပါးမှာမူ (၁)ပွဲသာ ကစားရန် ကျန်နေသည်။ ချယ်လ်ဆီးသည် FA ဖလား ဗိုလ်လုပွဲတွင် ၎င်းတို့ လောလောလတ်လတ် အနိုင်ယူ ထားသည့် လီဗာပူးလ်ကို အန်းဖီးလ်တွင် သွားရောက် ရင်ဆိုင်ရမည် ဖြစ်သည်။ ချယ်လ်ဆီး အနေဖြင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားရန် ရှိနေသေးရာ ကစားသမား ကောင်းများ အနာတရ ဖြစ်လာ နိုင်သည်ကို ရှောင်ရှားရန် လူစုံထုတ် အသုံးပြုဖွယ် မရှိကြောင်း ခန့်မှန်းမှုများ ထွက်ပေါ် နေခဲ့သည်။
သို့သော်လည်း ရောဘတ်တို ဒီမက်တီယို၏ အသင်းသည် တောင့်တင်း သန်မာသော အင်အားစု တစ်ခုကို ရွေးချယ် ပွဲထုတ်ကာ မာဆေးဆိုက်သို့ ချီတက်မည်ဟု သိရှိရသည်။ အီတလီသား မန်နေဂျာသည် အသင်းမှ ခြေစွမ်း ထက်မြက်သည့် စီနီယာ ကစားသမား များကိုသာ ပွဲထုတ် ခင်းကျင်းရန် ရည်ရွယ်ထားကြောင်း သတင်းများက ဆိုသည်။ ဂျူအန်မာတာ၊ ဖရန့်ခ်လမ်းပတ်၊ အက်ရှ်လေကိုးလ်၊ ဒီဒီရာ ဒရော့ဂ်ဘာတို့သည် ချယ်လ်ဆီး၏ အဝေးကွင်းပွဲစဉ် ပထမ လူစာရင်းတွင် ပါဝ်လာနိုင်သည်။ ယနေ့ည ပွဲစဉ်သည် ချယ်လ်ဆီး၏ ရှည်လျားလှသော မာရသွန် ဘောလုံးရာသီတွင် (၅၉)ပွဲမြောက် ကစားရမည့် ပွဲလည်း ဖြစ်လာသည်။ ချယ်လ်ဆီးသည် ချန်ပီယံလိဂ် ၀င်ခွင့် ဆုံးရှုံးခဲ့ပါက ၀င်ငွေ ပေါင်စတာလင် (၂၅)သန်းမျှ နစ်နာ နိုင်ကြောင်းလည်း သိရှိရသည်။
Ref: The Sun
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com