ချယ်လ်ဆီး အသင်းသည် နွေရာသီ ဈေးကွက်အတွင်း အဲဗာတန် ကွင်းလယ်လူ မော်ရိုဖယ်လိုင်နီကို ပေါင်စတာလင် (၂၂)သန်းဖြင့် ကမ်းလှမ်းရန် စိတ်ကူးနေကြောင်း သိရှိရသည်။
Mirror သတင်းစာက ဖယ်လိုင်နီသာ စတမ်းဖို့ဒ်ဘရစ်ဂ်ျ ရောက်လာပါက ချယ်လ်ဆီး ပရိသတ်များ ခေါင်းမွေးထောင်မည့် အခြေအနေ တစ်ခု ကြုံရမည်ဟု ဆိုသည်။ ဘယ်လ်ဂျီယံ လက်ရွေးစင်၏ ရှုပ်ထွေး ကောက်လိမ်နေသည့် အုံထူထူ ဆံပင် ပုံစံကို ချယ်လ်ဆီး ပရိသတ်များက တုပ လာနိုင်ခြင်းကို Mirror က အရွှမ်းဖောက် ရေးသားခဲ့ခြင်း ဖြစ်သည်။ အဲဗာတန် အသင်း၏ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် (၂၀၀၈)ခုနှစ်က ၀ယ်ယူထားသော ကစားသမားကို ချယ်လ်ဆီးက ယခု ဘောလုံးရာသီ နှောင်းပိုင်းတွင် အထူး စိတ်ဝင်စား လာခဲ့သည်။
ကွင်းလယ်မှ တစ်ဆင့် တိုက်စစ်ကို ထိရောက်စွာ ပံ့ပိုးနိုင်သည့် ဖယ်လိုင်နီသည် အဲဗာတန်၏ အဓိက ကစားသမား တစ်ဦး ဖြစ်နေသော်လည်း ကောင်းမွန်သော ကမ်းလှမ်းမှု တစ်ခု ရှိလာပါက ၎င်းကို အဲဗာတန်က ရောင်းထုတ်ဖွယ် ရှိနေသည်။ အသက်(၂၄)နှစ်ရှိ ဖယ်လိုင်နီ အတွက် ပေါင်စတာလင် သန်း(၂၀)ကျော် ပေးချေမည့် ဈေးနှုန်း တစ်ရပ်အား မာဆေးဆိုက်ဒ် ကလပ် အနေဖြင့် ငြင်းဆန်ရန် ခက်ခဲမည်ဖြစ်သည်။ ချယ်လ်ဆီးသည် ကွင်းလယ်နေရာအတွက် တစ်ချိန်က အဲဗာတန်မှ ဂျက်ရော့ဒ်ဝဲလ်နှင့် ရော့စ်ဘာကလေတို့ကို ချိတ်ဆက် ခဲ့ဖူးသော်လည်း ယခုအခါ ဖယ်လိုင်နီကို ဦးစားပေး ပစ်မှတ် ထားလာခဲ့ကြောင်း သိရှိရသည်။
Ref: Mirror
ကွင်းလယ်မှ တစ်ဆင့် တိုက်စစ်ကို ထိရောက်စွာ ပံ့ပိုးနိုင်သည့် ဖယ်လိုင်နီသည် အဲဗာတန်၏ အဓိက ကစားသမား တစ်ဦး ဖြစ်နေသော်လည်း ကောင်းမွန်သော ကမ်းလှမ်းမှု တစ်ခု ရှိလာပါက ၎င်းကို အဲဗာတန်က ရောင်းထုတ်ဖွယ် ရှိနေ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com