အာဆင်နယ် အသင်းက ခေါ်ယူရန် အလေးအနက် ပစ်မှတ် ထားနေသော ခံစစ်မှူး ဂျန်ဗာတိုဂန်ကို တော့တင်ဟမ် ဟော့စပါးကလည်း အပြိုင် ကြိုးစားလာကြောင်း သိရသည်။
အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် အေဂျက်စ် အမ်စတာဒမ် ကစားသမားကို ပေါင်စတာလင် (၇)သန်းတန် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ရန် စီစဉ်နေသည်။ အသက်(၂၅)နှစ်ရှိ ဗာတိုဂန်သည် အသင်းနှင့် စာချုပ်သက်တမ်း နောက်ဆုံးနှစ်ပိုင်း အတွင်းသို့ ၀င်ရောက်လာပြီ ဖြစ်သည်။ ၎င်းကို နယူးကာဆယ်လ် ယူနိုက်တက်နှင့် ချယ်လ်ဆီးတို့ကလည်း စိတ်ဝင်စားနေသလို အေဂျက်စ်နှင့် မန်ချက်စတာ ယူနိုက်တက်တို့ ယူရိုပါလိဂ်တွင် တွေ့ဆုံစဉ် စပါးအသင်း ကင်းထောက်များက လာရောက် လေ့လာခဲ့ဖူးသည်။
ယခုအခါ နယ်သာလန်ရှိ သတင်း ဌာနများက စပါးမန်နေဂျာ ဟယ်ရီရက်နပ်သည် ဗာတိုဂန် အတွက် အေဂျက်စ်နှင့် သဘော တူညီမှု ရရှိအောင် ကြိုးစား လာနေကြောင်း ဖော်ပြခဲ့သည်။ အကယ်၍ စပါး အသင်းသာ ရာသီကုန်တွင် ချန်ပီယံလိဂ် ကစားခွင့် ရခဲ့ပါက ဗာတိုဂန်ကို ခေါ်ယူရန် ကြိုးပမ်းမှုတွင် ပိုမို ကောင်းမွန်သည့် မက်လုံး တစ်ခုဖြင့် သွေးဆောင်နိုင်ဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။
Ref: Daily Mail
အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် အေဂျက်စ် အမ်စတာဒမ် ကစားသမားကို ပေါင်စတာလင် (၇)သန်းတန် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ရန် စီစဉ်နေ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com