အာဆင်နယ် အသင်းသည် ယန်းမားဗီးလားကို ခေါ်ယူရေး စီစဉ် ထားမှုကို ကစားသမား၏ ပြင်ပ လူနေမှု အလေ့အထကြောင့် ပြန်လည် စဉ်းစားနေကြောင်း သိရသည်။
အာဆင်နယ်က ရာသီကုန်တွင် ပေါင်စတာလင် (၁၇)သန်းဖြင့် ကမ်းလှမ်းဝယ်ယူရန် ရည်ရွယ်ထားသော ပြင်သစ် လက်ရွေးစင် မားဗီးလားသည် အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးကို ရန်ပြုမှုကြောင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ရိန်းစ် အသင်းမှ ကွင်းလယ်အဖျက် ကစားသမားသည် ၎င်း၏ နေအိမ်တွင် အဆိုပါ လူငယ်အား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ရဲများက ၎င်းကို ပြန်လွှတ် ပေးထားသည်။ မားဗီးလားသည် ရဲစခန်းတွင် တစ်ည အိပ်ခဲ့ရကြောင်းလည်း သိရှိရသည်။ အသက်(၂၁)နှစ်ရှိ မားဗီးလားသည် လက်ရှိ ပြင်သစ် လက်ရွေးစင် အသင်း၏ အလားအလာ အကောင်းဆုံး လူငယ် ကြယ်ပွင့်တစ်ဦး အဖြစ် သတ်မှတ် ခံထား ရသော်လည်း ၎င်း၏ ပြဿနာ ဖြစ်ပွားမှုက အာဆင်နယ်၏ ရှေ့တိုးရန် ခြေလှမ်းကို အတန်ငယ် တုံ့ဆိုင်း သွားစေခဲ့သည်။
မားဗီးလားသည် လက်ရွေးစင် အသင်းတွင် ပြင်သစ်နည်းပြ လောရင့်ဘလန့်၏ အဓိက ပွဲထုတ် အသုံးပြုခြင်းကို အကြိမ် အများဆုံး မှတ်တမ်းဝင်ထားသူ ကစားသမား ဖြစ်သည်။ ၎င်းကို မန်ချက်စတာ ယူနိုက်တက်နှင့် အခြားသော ဥရောပ ကလပ်အချို့က စောင့်ကြည့် နေသော်လည်း နွေရာသီတွင် အာဆင်နယ်နှင့် စာချုပ် ဖြစ်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေး ခံထားရသည်။ မားဗီးလားသည် မတ်လကလည်း ပြည့်တန်ဆာ နှစ်ဦး ထောင်ချ ခံရသော ကိစ္စတွင် ဆက်နွယ် ပတ်သက်မှုကြောင့် ပြင်သစ် သတင်းစာများ၏ အလေးပေး ဖော်ပြခြင်းကို ခံခဲ့ရဖူးသည်။
Ref: Daily Mail
အာဆင်နယ်က ရာသီကုန်တွင် ပေါင်စတာလင် (၁၇)သန်းဖြင့် ကမ်းလှမ်းဝယ်ယူရန် ရည်ရွယ်ထားသော ပြင်သစ် လက်ရွေးစင် မားဗီးလားသည် အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးကို ရန်ပြုမှုကြောင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com