ချယ်လ်ဆီး အသင်း၏ တိုက်စစ်မှူးဟောင်း အင်ဒရီ ရှက်ဗ်ချန်ကိုသည် အသင်းသို့ တစ်ကျော့ပြန် ရောက်ရှိ လာဖွယ် ရှိနေကြောင်း သိရှိရသည်။
သို့သော်လည်း ယူကရိန်း ကစားသမားသည် ယခုတစ်ကြိမ် စတမ်းဖို့ဒ် ဘရစ်ဂ်ျသို့ ခြေချလာရာတွင် ကစားသမား တစ်ဦး အနေဖြင့် မဟုတ်ဘဲ နည်းပြ အဖွဲ့ဝင် အနေဖြင့်ဟု သတင်းများက ဆိုသည်။ အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျ၏ ချယ်လ်ဆီးအား အလုံးစုံ ပြုပြင် ပြောင်းလဲရေး စီမံကိန်း၏ တစ်စိတ် တစ်ဒေသ အဖြစ် ရှက်ဗ်ချန်ကိုအား ပြန်လည် ခေါ်ယူရန် အသင်းက စီစဉ်နေခြင်း ဖြစ်သည်။ (၂၀၀၆)ခုနှစ်က အေစီမီလန်မှ ချယ်လ်ဆီးသို့ ပေါင်စတာလင် သန်း(၃၀)ဖြင့် ပြောင်းရွှေ့ လာပြီးနောက် ခြေစွမ်း မပြနိုင်ဘဲ ရုန်းကန်ခဲ့ရသော ရှက်ဗ်ချန်ကိုသည် ယခုအခါ အသက်(၃၅)နှစ် ရှိနေပြီဖြစ်ပြီး ယူကရိန်း ကလပ် ဒိုင်နမိုကိယက်ဗ်တွင် ကစားနေဆဲ ဖြစ်သည်။

ချယ်လ်ဆီး အသင်း၏ တိုက်စစ်မှူးဟောင်း အင်ဒရီ ရှက်ဗ်ချန်ကို
သို့သော်လည်း ရှက်ဗ်ချန်ကိုသည် ယခု ရာသီတွင် ချယ်လ်ဆီး၏ လေ့ကျင့်ရေး ကွင်းသို့ ပုံမှန် လာရောက် လည်ပတ်လေ့ ရှိကာ အသင်း၏ လေ့ကျင့်ခန်း ဆင်းနေပုံများကို လေ့လာခဲ့သည်။ ထို့အပြင် ကစားသမား များအား ဒဏ်ရာ အနာတရမှ သက်သာလာအောင် မိမိမည်သို့ ဖြတ်သန်း ခဲ့ရသည် ဆိုသော အတွေ့အကြုံများကို မျှဝေ ပို့ချခဲ့သည်။ ရှက်ဗ်ချန်ကိုသည် ချယ်လ်ဆီးတွင် (၄၈)ပွဲ ကစားပြီး (၉)ဂိုးသာ သွင်းယူ နိုင်ခဲ့သည်။ ၎င်းသည် အေဗရာမိုဗစ်ခ်ျ၏ အရင်းနှီးဆုံး သူငယ်ချင်း တစ်ဦးလည်း ဖြစ်ကာ ဆာရေးရှိ ၀မ့်ဝေါ့သ်တွင် ယခုတိုင် ကိုယ်ပိုင်အိမ် တစ်လုံး ရှိနေသည်။ ချယ်လ်ဆီး ကစားသမား ဘ၀က အဆိုပါ အိမ်ကို ရှက်ဗ်ချန်ကို ၀ယ်ယူထားခြင်း ဖြစ်သည်။
ရှက်ဗ်ချန်ကိုသည် ယူကရိန်း လက်ရွေးစင် အသင်းကို အသင်းခေါင်းဆောင် အဖြစ် ဦးဆောင်ကာ ပွဲပေါင်း (၁၀၀)ကျော် ကစားပြီး (၄၆)ဂိုး သွင်းယူ ထားကြောင်းလည်း သိရှိရသည်။
Ref: Daily Mail
ယူကရိန်း ကစားသမားသည် ယခုတစ်ကြိမ် စတမ်းဖို့ဒ်ဘရစ်ဂ်ျသို့ ခြေချလာရာတွင် ကစားသမား တစ်ဦး အနေဖြင့် မဟုတ်ဘဲ နည်းပြ အဖွဲ့ဝင် အနေဖြင့်ဟု သတင်းများက ဆို...



7:04 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com