22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, May 22, 2012

လီဗာပူးလ်ကို နောက်ဆုံး ငြင်းဆန်သူ ဖြစ်လာသည့် ဒီဘိုးဝါး

လီဗာပူးလ် အသင်း၏ မန်နေဂျာ ရာထူးအတွက် ချိတ်ဆက်မှုကို နောက်ဆုံး ပယ်ချသူ အဖြစ် ဖရန့်ဒီဘိုးဝါးပါ စာရင်း ၀င်လာခဲ့သည်။

ဒတ်ခ်ျလူမျိုး ဒီဘိုးဝါးက ၎င်းသည် ယခုရာသီ နယ်သာလန် ချန်ပီယံဘွဲ့ ဆွတ်ခူး ရယူပေးထားသည့် အေဂျက်စ် အမ်စတာဒမ် အသင်းတွင်သာ ဆက်လက် တာဝန်ယူလိုကြောင်း ပြောဆိုကာ လီဗာပူးလ်၏ လစ်လပ်နေသော မန်နေဂျာ ရာထူးကို ငြင်းဆို သွားခဲ့သည်။ လီဗာပူးလ် အသင်းကို ပိုင်ဆိုင်သော Fenway Sports Groupသည် ဆွမ်ဆီး မန်နေဂျာ ဘရန်ဒန် ရော့ဂျာထံ ဆက်သွယ်မှု မအောင်မြင်သည့်နောက် ၎င်းတို့၏ ပစ်မှတ်ကို ဒီဘိုးဝါးထံ ဦးလှည့်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ တပ်ပြန်ခေါက် လာရပြီ ဖြစ်သည်။ ဒီဘိုးဝါးက "ခုကမ်းလှမ်းမှု အပေါ် ကျွန်တော် ဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ ကျွန်တော့် အေဂျက်စ် နည်းပြ ဘ၀က ခုမှ အစပိုင်းပဲ ရှိသေးတာပါ။ ဒီအသင်းဟာ လမ်းကြောင်းသစ် တစ်ခုကို စတင်နေပါပြီ။ ကျွန်တော်တို့ နည်းစနစ် အဖွဲ့မှာ ၀င်းဂျောင့်နဲ့ ဒင်းနစ်ဘားကမ့်တို့လို လုပ်ဖော် ကိုင်ဖက်တွေနဲ့ အဆင် ပြေနေပါတယ်။ အေဂျက်စ်ကို ကျွန်တော် ကောင်းမွန်တဲ့ အရာတွေ ယူဆောင်ပေးချင်သေးတယ်။ ဒါကြောင့် လာမယ့်နှစ်တွေမှာလည်း အေဂျက်စ်မှာ ဆက်ရှိနေပါမယ်" ဟု ပြောကြားသွားသည်။


လီဗာပူးလ်၏ အခြားပစ်မှတ် တစ်ဦးဖြစ်သော ပြင်သစ်ကလပ် အိုလံပစ်မာဆေးလ် နည်းပြ ဒီဒီရာ ဒက်စ်ချမ့်က မိမိသည် လတ်တလောတွင် မာဆေးလ်၏ လာမည့်ရာသီကြို အစီအစဉ်များအတွက်သာ အာရုံ စိုက်ထားကြောင်း ပြောဆိုထားသည်။ ဘိုရပ်ရှားဒေါ့တ်မန် အသင်းကို ဂျာမန်၏ အခမ်းနားဆုံး ဆုဖလားနှစ်ခုလုံး ရယူ ပေးထားသည့် ဂျာဂင်ကလော့ကလည်း မိမိသည် ဂျာမနီကို စွန့်ခွာမည် မဟုတ်ဟု အတည်ပြုထားသည်။ လီဗာပူးလ်သည် ယမန်နှစ်က အမှတ်ပေး ဇယား အဆင့်(၈)တွင်သာ ရပ်တည် ခဲ့သည့်နောက် မန်နေဂျာ ကင်နီဒဲလ်ဂလစ်ရှ်ကို ရာထူးမှ ထုတ်ပယ်ပြီး မန်နေဂျာသစ် တစ်ဦးကို ရှာဖွေနေရာ ယခင် မန်နေဂျာဟောင်း ရာဖေးလ် ဘင်နီတက်ဇ်ကိုပါ စိတ်ဝင်စား aနကြောင်း သိရှိရသည်။
Ref: Daily Mail
အေဂျက်စ်ကို ကျွန်တော် ကောင်းမွန်တဲ့ အရာတွေ ယူဆောင်ပေးချင်သေးတယ်။ ဒါကြောင့် လာမယ့်နှစ်တွေမှာလည်း အေဂျက်စ်မှာ ဆက်ရှိနေပါမယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )