ချယ်လ်ဆီး အသင်းသည် ဒီဒီရာ ဒရော့ဂ်ဘာ နေရာကို ရေရှည် အစားထိုးရန် အတွက် အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ရာဒါမယ်လ် ဖယ်လ်ကာအိုအား ချိန်ရွယ်နေကြောင်း သိရှိရသည်။
ပြီးခဲ့သည့် နွေရာသီကမှ ပေါ်တူဂီကလပ် ပေါ်တိုကို စွန့်ခွာကာ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်သို့ ပြောင်းရွှေ့ခဲ့သော ကိုလံဘီယာ လက်ရွေးစင်သည် ၎င်း၏ ကစားသမား ဘ၀တစ်လျှောက် အကောင်းဆုံး နှစ်ပိုင်းများကို ဖြတ်သန်းလျှက် ရှိသည်။ ဖယ်လ်ကာအိုသည် ပေါ်တို၊ အက်သလက်တီကိုတို့နှင့် (၂)နှစ် ဆက်တိုက် ယူရိုပါလိဂ် ဆုဖလားများ ရရှိထားပြီး ယူရိုပါလိဂ် ပြိုင်ပွဲ (၂)ခုတွင် (၂၉)ပွဲကစားကာ (၂၉)ဂိုးသွင်းယူပြီး စံချိန်သစ် မှတ်တမ်း တစ်ခု စိုက်ထူ နိုင်ခဲ့သည်။ အက်သလက်တီကို အသင်းသည် ၎င်းတို့၏ အားထားရသော ကစားသမားအတွက် ပြောင်းရွှေ့ကြေးအား ပေါင်စတာလင် သန်း(၅၀)ထိ သတ်မှတ် ထားခဲ့သည်။
ချယ်လ်ဆီးသည် ယခုရာသီ ပစ်မှတ်ဖလား (၂)လုံးစလုံးကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ရာသီသစ်တွင် အသင်းကို အားဖြည့် မွမ်းမံမှုများ ပြုလုပ်ရန် ရည်ရွယ်လာခဲ့သည်။ အိုင်ဗရီကို့စ် လက်ရွေးစင် ဒီဒီရာ ဒရော့ဂ်ဘာသည် ချယ်လ်ဆီးနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီဖြစ်ပြီး အသင်းမှ ထွက်ခွာမည်ဟု သတင်းကြီးနေရာ ချယ်လ်ဆီးသည် ပြီးပြည့်စုံသော တိုက်စစ်မှူး တစ်ဦးအား ရှာဖွေလျှက် ရှိသည်။ ချယ်လ်ဆီးသည် ရီးယဲလ်မက်ဒရစ်မှ ဂွန်ဇာလို ဟီဂူအင်းနှင့် နာပိုလီမှ အီဒင်ဆန် ကာဗာနီတို့ကိုလည်း ချိတ်ဆက်နေသည့်တိုင် ဖယ်လ်ကာအိုသည် ဖြစ်နိုင်ခြေ အများဆုံး ပစ်မှတ်ဟု သတင်းများက ဖော်ပြနေသည်။
ဖယ်လ်ကာအိုသည် ပေါ်တို၊ အက်သလက်တီကိုတို့နှင့် (၂)နှစ်ဆက်တိုက် ယူရိုပါလိဂ် ဆုဖလားများ ရရှိထားပြီး ယူရိုပါလိဂ် ပြိုင်ပွဲ (၂)ခုတွင် (၂၉)ပွဲကစားကာ (၂၉)ဂိုးသွင်းယူပြီး စံချိန်သစ် မှတ်တမ်းတစ်ခု စိုက်ထူ နိုင်ခဲ့...
ရီးယဲလ်သည် ဟီဂူအင်းအား ရောင်းချမည် မဟုတ်ဟု ငြင်းဆန် ထားသော်လည်း တိုက်စစ်မှူး၏ အနာဂတ်သည် နည်းပြ ဟိုဆေး မော်ရင်ဟို၏ သဘောထားပေါ် အဓိက မူတည်နေသည်။ ချယ်လ်ဆီးသည် နာပိုလီက ပေါင်စတာလင် (၃၅)သန်း ဈေးခေါ်ထားသည့် ဥရုဂွေး လက်ရွေးစင် ကာဗာနီကိုလည်း အလို ရှိနေဆဲဟု သိရှိရသည်။
Ref: Daily Mail
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com