22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, May 22, 2012

လူးကက်စ်အတွက် ချယ်လ်ဆီးက ယူရိုသန်း(၄၀)ဖြင့် ကမ်းလှမ်းထားကြောင်း ဆော်ပေါ်လို ဥက္ကဋ္ဌဆို

ချယ်လ်ဆီး အသင်းသည် မိမိတို့၏ တက်သစ်စ ကွင်းလယ် ကစားသမားလေး လူးကက်စ်မိုရာအား ယူရို သန်း(၄၀)ဖြင့် ကမ်းလှမ်းခဲ့ကြောင်း  ဆော်ပေါ်လို အသင်း ဥက္ကဋ္ဌက ပြောကြားသွားသည်။

ဘရာဇီးလ် ကလပ် အသင်း၏ ဥက္ကဋ္ဌ ဖြစ်သူက ချယ်လ်ဆီးသည် လူးကက်စ်ကို စာချုပ်ရန် အလားအလာ အကောင်းဆုံး ဖြစ်နေကြောင်းလည်း ၀န်ခံ သွားခဲ့သည်။ အသက်(၁၉)နှစ်သာ ရှိသေးသော ဘရာဇီးလ် လူငယ်လေးသည် တောင်အမေရိက ဘောလုံး ရပ်ဝန်း၏ အနာဂတ် အတောက်ပဆုံး ကစားသမား တစ်ဦးအဖြစ် သတ်မှတ် ခံထား ရသူလည်း ဖြစ်သည်။ လူးကက်စ်သည် ပြီးခဲ့သည့် ဘောလုံးရာသီက ဆော်ပေါ်လို ပထမအသင်းတွင် ပုံမှန် နေရာ ရလာပြီးနောက် တောက်လျှောက် ခြေစွမ်း တက်လာခဲ့သည်။
ဘရာဇီးလ် လူငယ်ကစားသမား လူးကပ်စ်

ထို့အပြင် ဘရာဇီးလ် လက်ရွေးစင် အသင်းတွင်လည်း (၁၁)ပွဲထိ ကိုယ်စားပြု ပါဝင်ခဲ့ပြီး ဖြစ်သည်။ ကစားသမား၏ အေးဂျင့်က လူးကက်စ်အား အင်တာမီလန်၊ မန်ချက်စတာ ယူနိုက်တက်နှင့် ချယ်လ်ဆီးတို့က ချိတ်ဆက်နေကြောင်း ဧပြီလအတွင်းက ဖွင့်ဟ ပြောကြား ခဲ့သေးသည်။ ယခုအခါ ဆော်ပေါ်လို ဥက္ကဋ္ဌ ဂျူဗန်နီကို ဂျူဗီနယ်လ်က "လူးကက်စ်အတွက် ချယ်လ်ဆီးဆီက ယူရိုသန်း(၄၀)တန် ကမ်းလှမ်းမှု တစ်ခုကို ကျွန်တော်တို့ ရထားပါတယ်။ အင်တာကလည်း သူ့ကို လိုချင်နေတယ်။ အင်တာက ယူရို(၂၅)သန်းပဲ ဈေးပေးခဲ့တယ်။ ကျွန်တော်တို့ ဘာကိုမှ လက်မခံသေးပါဘူး။ ဒါပေမဲ့ လောလောဆယ် အလားအလာ အကောင်းဆုံးကတော့ ချယ်လ်ဆီးပါပဲ" ဟု ပြောကြားသွားသည်။

လူးကက်စ်အတွက် ချယ်လ်ဆီးဆီက ယူရိုသန်း(၄၀)တန် ကမ်းလှမ်းမှု တစ်ခုကို ကျွန်တော်တို့ ရထားပါတယ်။ အင်တာကလည်း သူ့ကို လိုချင်နေတယ်။ အင်တာက ယူရို(၂၅)သန်းပဲ ဈေးပေးခဲ့တယ်...
Box to box ကစားတတ်သော လူးကက်စ်ကို ဥရောပ အသင်းများစွာက စိတ်ဝင်စားနေပြီး ၎င်းသည် အနာဂတ်တွင် အောင်မြင်မည့်သူဟုလည်း ဂျူဗီနယ်လ်က ဆိုသည်။ "သူ့ရဲ့ အနာဂတ် ဘယ်လောက်ထိ ကြီးကျယ်လာမယ် ဆိုတာကို ကျွန်တော်တို့ ခန့်မှန်းလို့ မရနိုင်သေးဘူး။ ဘာပဲဖြစ်ဖြစ် သူဟာ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကိုတော့ ချမှတ်ဖို့ ကြုံလာဦးမှာပါ" ဟု ဥက္ကဋ္ဌက သုံးသပ် ပြောဆိုသွားခဲ့သည်။
Ref: Sport 360
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )