မန်ချက်စတာ ယူနိုက်တက် ဂိုးသမားဟောင်းကြီး အက်ဒွင် ဗန်ဒါဆားက လက်ရှိ အသင်း၏ ဂိုးသမား ဒေးဗစ်ဒီဂီယာ အနေဖြင့် မိမိနှင့် နှိုင်းယှဉ် ခံရမှုများကို မျက်ကွယ်ပြုပြီး ကြိုးစားရန် လိုအပ်ကြောင်း အကြံပြု ပြောဆိုလိုက်သည်။
စပိန်လူငယ် ဂိုးသမားလေး ဒီဂီယာသည် ဗန်ဒါဆားကို ဆက်ခံသူ အဖြစ် ပရိသတ်များ၏ ထင်ကြေးပေးခြင်းကို ခံခဲ့ရသော်လည်း ရာသီ အစပိုင်းက ပရီးမီးယား လိဂ်နှင့် အံမ၀င်ဘဲ ရုန်းကန် နေခဲ့ရသည်။ သို့သော်လည်း နောက်ပိုင်းတွင် ၎င်း၏ စစ်မှန်သော လက်စွမ်းကို ပြသ လာနိုင်သလို အရေးပါသော ကာကွယ်မှု များကိုလည်း ပြုလုပ်ပြခဲ့သည်။ ဗန်ဒါဆားက ဒီဂီယာသည် တောက်ပသော အနာဂတ် ရှိသည့် လူငယ် တစ်ဦးဟု အသိအမှတ် ပြုခဲ့ပြီး ဂိုးသမား တစ်ဦးအတွက် ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် အက်သလက်တီကို မက်ဒရစ်မှ ရောက်ရှိလာသည့် ဒီဂီယာ အနေဖြင့် ပရိသတ်၏ ဝေဖန်မှု များကြောင့် အာရုံ မထွေပြားရန် သတိ ပေးလိုက်သည်။
အသက်(၄၁)နှစ် ရှိပြီဖြစ်သော ဗန်ဒါဆားက "ဒီဂီယာ အနေနဲ့ ကျွန်တော့် ခြေရာကို တစ်ထပ်တည်း နင်းနိုင်ဖို့က ခက်ကောင်း ခက်ပါမယ်။ သူက ဒါကို လက်တွေ့ လုပ်နိုင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်မယ်။ လူတွေကတော့ မန်ယူ ဂိုးသမား တစ်ယောက်ကို ကျွန်တော်နဲ့ဖြစ်ဖြစ်၊ ပီတာ ရှမိုက်ကယ်နဲ့ ဖြစ်ဖြစ် နှိုင်းနေမှာပဲလေ" ဟု ဆိုသည်။ ၎င်းက "ဒီဂီယာဟာ အဲဒီ နှိုင်းယှဉ်မှုတွေကို မေ့ထားရမယ်။ သူကစားတဲ့ ပွဲတွေ အပေါ်မှာပဲ အာရုံ စိုက်နေရမယ်။ သူက ဒီရာသီမှာ ဝေဖန်မှုတွေ အများကြီး ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော် ကိုယ်တိုင်လည်း အေဂျက်စ် အမ်စတာဒမ်မှာ ကစားတုန်းက အသက်ငယ်ငယ်မှာ အမှားတွေ လုပ်ဖူးတယ်။ ဂျူဗင်းတပ်စ်နဲ့ မန်ယူမှာလည်း အမှားတချို့ ကြုံခဲ့ဖူးတာပါပဲ။ အရေးကြီးတာက တစ်ပွဲမှာ မှားခဲ့ရင် နောက်ပွဲမှာ ဒါကိုကုစားပြီး လက်စွမ်း တည်ငြိမ်နေဖို့ပါ။ ဒီဂီယာ ဒါမျိုး လုပ်နိုင်ပါတယ်။ နောက်ရာသီမှာ သူဟာ ခုထက် အရေးပါတဲ့ ကာကွယ်မှုတွေ လုပ်နိုင်မယ်လို့ ထင်ပါတယ်"ဟုလည်း သုံးသပ် ပြောဆိုသွားခဲ့သည်။
Ref: Goal
ဒီဂီယာ အနေနဲ့ ကျွန်တော့် ခြေရာကို တစ်ထပ်တည်း နင်းနိုင်ဖို့က ခက်ကောင်း ခက်ပါမယ်။ သူက ဒါကို လက်တွေ့ လုပ်နိုင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်မယ်။ လူတွေကတော့ မန်ယူ ဂိုးသမား တစ်ယောက်ကို ကျွန်တော်နဲ့ဖြစ်ဖြစ်၊ ပီတာ ရှမိုက်ကယ်နဲ့ ဖြစ်ဖြစ် နှိုင်းနေမှာပဲလေ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com