ဥရောပ ချန်ပီယံ ဘွဲ့ကို ကာကွယ် ရခြင်းသည် ရယူရန် ကြိုးပမ်း ရခြင်းထက် ပိုမို ခက်ခဲ လိမ့်မည်ဟု စပိန် အသင်းခေါင်းဆောင် အိုင်ကာ ကားဆီးလက်စ်က မှတ်ချက်ပြု ပြောကြားခဲ့သည်။
ရီးယဲလ်မက်ဒရစ် အသင်း၏ ဂိုးသမားက (၂၀၀၈)ခုနှစ်က စပိန်အသင်း ဥရောပ ဖလား ရရှိရန် ကြိုးပမ်းမှုထက် (၂၀၁၂)ခုနှစ်တွင် ချန်ပီယံ ဘွဲ့ကို ကာကွယ်ရခြင်းသည် ပိုမို ခက်ထန်သော စမ်းသပ်မှု ဖြစ်လာမည်ဟု ဆိုသည်။ စပိန်သည် (၂၀၀၈)ခုနှစ်က ဥရောပ ချန်ပီယံ ဖြစ်ခဲ့သလို (၂၀၁၀)တွင် ကမ္ဘာ့ ချန်ပီယံ ဖြစ်လာခဲ့သည်။ ယခုနှစ်တွင် ဥရောပ ချန်ပီယံ ဘွဲ့ကို အောင်မြင်စွာ ကာကွယ် နိုင်ပါက စပိန် အနေဖြင့် သမိုင်းတစ်လျှောက် အဓိက ဆုဖလား(၃)လုံးဆက် ရရှိသည့် ပထမဆုံး နိုင်ငံ လက်ရွေးစင် အသင်းအဖြစ် ရပ်တည်နိုင်မည် ဖြစ်သည်။
ကားဆီးလက်စ်က လွန်ခဲ့သည့် (၄)နှစ်က ပြိုင်ပွဲဝင်သော အသင်းနှင့် လက်ရှိ အသင်းကြား ခြားနားမှုများသည် စပိန်အတွက် ပြဿနာ တစ်ခု ဖြစ်လာနိုင်ကြောင်း ထောက်ပြခဲ့သည်။ "အဓိက အခက်အခဲ တစ်ခုက လွန်ခဲ့တဲ့ (၄)နှစ်က ကျွန်တော်တို့ ပြိုင်ပွဲကို ချဉ်းကပ်ပုံမျိုး ခုတစ်ခါမှာ လုပ်လို့ မရတော့ဘူးလေ။ အဲဒီတုန်းက စပိန်ဟာ လူတွေ အံ့ဩ သွားလောက်အောင် ခြေစွမ်း ပြခဲ့တယ်။ မမျှော်လင့်တဲ့ အသင်း တစ်သင်းရဲ့ တောက်ပမှုမျိုးပေါ့။ ဒါပေမဲ့ ခုတော့ လူတိုင်းက စပိန် အကြောင်းကို ကြိုသိပြီးသား ဖြစ်နေပါပြီ။ ဒါဟာ ချန်ပီယံဆုကို ကာကွယ်တဲ့ အခါ ပိုခက်လာမယ့် သဘောပါပဲ" ဟု ကားဆီးလက်စ်က ဆိုသည်။
၎င်းက နည်းပြ ဗင်းဆင့် ဒဲလ်ဘော့စကေး အပေါ် ယုံကြည်မှု အပြည့်အ၀ ရှိပြီး အသက်(၇၃)နှစ်ရှိ နည်းပြကြီးသည် အသင်းအတွက် အောင်မြင်မှုများ ရယူ ပေးနိုင်မည်ဟု ခံယူ ထားကြောင်းလည်း ဖွင့်ဟခဲ့သည်။ "ကမ္ဘာ့ဖလားတုန်းကလည်း နည်းပြကြောင့် ကျွန်တော်တို့ အကောင်းမြင် မျှော်လင့်ခဲ့တယ်။ လက်တွေ့လည်း အောင်မြင်ခဲ့တယ်။ ခုလည်း ကျွန်တော်တို့ နည်းပြ အပေါ် ယုံကြည်ဆဲပါ။ ဒဲလ်ဘော့စကေးဟာ အသင်းကို ကောင်းကောင်း စုစည်း ထားပါတယ်။ ကျွန်တော်တို့ဟာ ရေပန်း အစားဆုံး အသင်းဖြစ်ပြီး ဒါကို ထိန်းသိမ်းထားဖို့ လိုပါတယ်" ဟုလည်း ကားဆီးလက်စ်က ပြောဆိုသွားသည်။
Ref: Goal
အဓိက အခက်အခဲ တစ်ခုက လွန်ခဲ့တဲ့ (၄)နှစ်က ကျွန်တော်တို့ ပြိုင်ပွဲကို ချဉ်းကပ်ပုံမျိုး ခုတစ်ခါမှာ လုပ်လို့ မရတော့ဘူးလေ။ အဲဒီတုန်းက စပိန်ဟာ လူတွေ အံ့ဩ သွားလောက်အောင် ခြေစွမ်း ပြခဲ့တယ်။ မမျှော်လင့်တဲ့ အသင်း တစ်သင်းရဲ့ တောက်ပမှုမျိုးပေါ့။ ဒါပေမဲ့ ခုတော့ လူတိုင်းက စပိန် အကြောင်းကို ကြိုသိပြီးသား ဖြစ်နေပါပြီ။ ဒါဟာ ချန်ပီယံဆုကို ကာကွယ်တဲ့ အခါ ပိုခက်လာမယ့် သဘောပါပဲ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com