တော့တင်ဟမ် ဟော့စပါး အသင်းသည် အေဂျက်စ် အမ်စတာဒမ် ခံစစ်မှူး ဂျန်ဗာတိုဂန်ကို အပြီးသတ် ခေါ်ယူနိုင်ရန် သေချာသလောက် ရှိလာပြီ ဖြစ်သည်။
စပါးအသင်း ဥက္ကဋ္ဌ ဒန်နီလီဗိုင်းသည် နယ်သာလန်သို့ လေယာဉ် ခရီးဖြင့် တနင်္လာနေ့က သွားရောက် ခဲ့ပြီးနောက် အေဂျက်စ်နှင့် အပြောင်းအရွှေ့ ကိစ္စ ဆွေးနွေးခဲ့သည်။ နယ်သာလန် တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမား ဆုကို ဆွတ်ခူး ရရှိထားသည့် အသက်(၂၅)နှစ် အရွယ် ကစားသမားကို အာဆင်နယ်နှင့် အေစီမီလန် အသင်းများကလည်း ချိတ်ဆက်နေသည်။ သို့သော်လည်း စပါးက ခြေမြန်လက်မြန် လှုပ်ရှားကာ အနာဂတ် တောက်ပသော ကစားသမားအား စာချုပ်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ဗာတိုဂန်သည် အေဂျက်စ် အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ထားပြီး ဖြစ်ကာ ၎င်းကို စပါး မန်နေဂျာ ဟယ်ရီရက်နပ်က အဓိက ပစ်မှတ် အနေဖြင့် ချိန်ရွယ် ထားခဲ့သည်။ လက်ရှိတွင် စပါးသည် လိုင်လီ ကွင်းလယ်လူ အီဒင်ဟာဇက်၊ ဖူလ်ဟမ် တိုက်စစ်သမား မူဆာ ဒမ်ဘီလီ၊ ဘလက်ဘန်းရိုဗာ တောင်ပံသမား ဂျူနီယာ ဟွိုင်လတ်တို့ကို ချိတ်ဆက်နေဆဲ ဖြစ်သည်။ ထို့အပြင် ပြင်သစ်ကလပ် အိုလံပစ် မာဆေးလ်၏ တိုက်စစ်မှူး လွိုင်ရီမီသည် စပါး၏ အတည်ပြု ကမ်းလှမ်းခြင်း ခံရသော ကစားသမား ဖြစ်လာနိုင်သည်။ လတ်တလောတွင် စပါးသည် မန်ချက်စတာ စီးတီးမှ အငှား ခေါ်ယူထားသည့် တိုက်စစ်မှူး အီမန်နျူရယ်လ် အဒီဘာယောကို စာချုပ် သက်တမ်း တိုးရန်လည်း ကြိုးပမ်း နေရဆဲဖြစ်သည်။
Ref: Daily Mail
စပါးအသင်း ဥက္ကဋ္ဌ ဒန်နီလီဗိုင်းသည် နယ်သာလန်သို့ လေယာဉ်ခရီးဖြင့် တနင်္လာနေ့က သွားရောက် ခဲ့ပြီးနောက် အေဂျက်စ်နှင့် အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးခဲ့...



6:47 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com