မန်ချက်စတာ ယူနိုက်တက် ကစားဖော်ဟောင်း ဒေးဗစ်ဘက်ဟမ်းနှင့် အတူ အိုလံပစ် ပြိုင်ပွဲဝင် ဗြိတိန် အသင်းတွင် ပြန်လည် ပေါင်းစည်း ကစားလိုကြောင်း ရိုင်ယန်ဂစ်က ဖွင့်ဟ ပြောကြားခဲ့သည်။
အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ဘက်ဟမ်းသည် ဂစ်ကဲ့သို့ပင် မန်ယူအသင်း လူငယ် အကယ်ဒမီမှ မွေးထုတ် ပေးခဲ့ပြီးနောက် ကမ္ဘာ့အဆင့် ကစားသမား တစ်ဦး ဖြစ်လာခဲ့သည်။ ၎င်းသည် (၂၀၀၃)ခုနှစ်က မန်ယူကို စွန့်ခွာကာ စပိန်ထိပ်သီး ရီးယဲလ် မက်ဒရစ်ထံ ပြောင်းရွှေ့ သွားခဲ့သည်။ ဂစ်က "ဘက်ဟမ်းဟာ ကျွန်တော့် သူငယ်ချင်းကောင်း တစ်ယောက်ပါ။ နောက်ပြီး ကစားသမားကောင်း တစ်ယောက်ဆိုတာလည်း အားလုံး အသိပါပဲ။ သူဟာ အမြင့်ဆုံး အဆင့်မှာ ကစားနေတုန်း ဖြစ်ပါတယ်။ ဘက်ဟမ်းနဲ့ ကျွန်တော် လူငယ် အသင်းမှာ ကတည်းက အတူ ကစားခဲ့တယ်။ နှစ်ပေါင်း(၂၀) အကြာမှာ အတူတွဲပြီး ပြန်ကစားရရင် သိပ်ကောင်းမှာပါပဲ" ဟု ပြောဆိုခဲ့သည်။

အသက်(၃၈)နှစ် ရှိပြီဖြစ်သော ဝေလတောင်ပံ ကစားသမားကြီးသည် ဗြိတိန်အသင်း မန်နေဂျာ စတူးဝပ် ပီယာ့စ်အား အိုလံပစ် ပြိုင်ပွဲတွင် ပါဝင်ခွင့် ရလိုကြောင်း တောင်းဆိုထားပြီး ဖြစ်သည်။ လက်ရှိ အချိန်တွင် အမေရိကန် ကလပ် လော့စ်အန်ဂျလိစ် ဂလက်စီ၌ ကစားနေသော ဘက်ဟမ်းမှာလည်း အိုလံပစ် ပြိုင်ပွဲတွင် ပါဝင်လာမည်ဟု သတင်း ကြီးနေဆဲ ဖြစ်သည်။ ဂစ်က "ကျွန်တော် ဗြိတိန် အသင်းမှာ ပါဝင်ခွင့် ရဖို့ တောင်းဆို ထားပါတယ်။ ဘာဖြစ်မလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပါ။ အိုလံပစ် ပြိုင်ပွဲကို လန်ဒန်မှာ လာကျင်းပတဲ့ အတွက် အားလုံးက စိတ်လှုပ်ရှား နေပါတယ်။ ကျွန်တော် ပီယာ့စ်နဲ့တော့ စကား ပြောပြီးပါပြီ။ သူလည်း အသင်း လူရွေးချယ်မှုကို အာရုံ စိုက်နေပါတယ်" ဟု ပြောကြားသွားသည်။
Ref: The Sun
ဘက်ဟမ်းနဲ့ ကျွန်တော် လူငယ် အသင်းမှာ ကတည်းက အတူ ကစားခဲ့တယ်။ နှစ်ပေါင်း(၂၀) အကြာမှာ အတူတွဲပြီး ပြန်ကစားရရင် သိပ်ကောင်းမှာပါပဲ...



6:45 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com