ရောလ်ဂွန်ဇာလက်ဇ်၏ နေရာကို အစားထိုးရန် ဆိုသည်မှာ လက်တွေ့ကျသော အရာတစ်ခု မဖြစ်နိုင်ဟု ရှော်လ်ကေး အသင်း နည်းပြ ဟာ့ဘ်စတီဗန်စ်က ၀န်ခံခဲ့သည်။
ဝါရင့် စပိန် တိုက်စစ်မှူးကြီး ရောလ်သည် ယခုအခါ ဂျာမန်ကလပ် ရှော်လ်ကေးကို စွန့်ခွာရန် ပြင်ဆင်နေပြီ ဖြစ်သည်။ အသက်(၅၈)နှစ်ရှိ စတီဗန်စ်က မိမိတို့သည် အသင်းအတွက် အကောင်းဆုံး အလုပ်အကျွေး ပြုခဲ့သူ ရောလ်အား အမှတ်ရ လွမ်းဆွတ်နေမည် ဖြစ်ကြောင်းလည်း ပြောကြားသွားသည်။ ရောလ်သည် (၂၀၁၀)ပြည့်နှစ်က ရီးယဲလ် မက်ဒရစ်မှ ပြောင်းရွှေ့လာပြီး ဗယ်လ်တင်စ် ကွင်းကြီးတွင် ပရိသတ်များ အစဉ် သတိ ရစေမည့် ခြေစွမ်ျးားကို ပြသခဲ့သည်။ (၂၀၁၁)ခုနှစ်တွင် ရောလ်၏ ဦးဆောင်မှုနှင့် အတူ ရှော်လ်ကေးသည် ကလပ်အသင်း သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲသို့လည်း ရောက်ရှိခဲ့သေးသည်။

ရှော်လ်ကေးမှ ထွက်ခွာတော့မည့် ရောလ်
အသက်(၃၄)နှစ်ရှိ ရောလ်သည် နွေရာသီတွင် ဂျာမန် ဘောလုံး လောကကို စွန့်ခွာရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ စတီဗန်စ်က "ရောလ်ဟာ တစ်ခေတ်မှာ တစ်ယောက်ဆိုတဲ့ ကစားသမားမျိုးပါ။ နောက်ထပ် ရောလ်တစ်ယောက်ကို ကျွန်တော်တို့ မရနိုင်တော့ပါဘူး" ဟု Kicker သို့ ၀န်ခံ ပြောဆိုခဲ့သည်။ "သူ့ကို ကျွန်တော်တို့ အမြဲ သတိရနေမှာပါ။ သူဟာ အသင်းအတွက် ဘာတွေ လုပ်ပြသွားတယ် ဆိုတာကို စကားလုံးတွေနဲ့ ပြောပြနေဖို့ မလိုတော့ပါဘူး" ဟုလည်း စတီဗန်စ်က ဆိုသည်။ ယခုအခါ ရောလ်ကို ခေါ်ယူရန် စပိန်နှင့် အင်္ဂလန် ကလပ် အချို့က ဆက်သွယ်နေကြောင်း သိရှိရသည်။
Ref: Goal
ရောလ်ဟာ တစ်ခေတ်မှာ တစ်ယောက်ဆိုတဲ့ ကစားသမားမျိုးပါ။ နောက်ထပ် ရောလ်တစ်ယောက်ကို ကျွန်တော်တို့ မရနိုင်တော့ပါဘူး...



12:49 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com