ပါးမာတီဆက်ကာက အာဆင်နယ် အသင်းတွင် နေထိုင်ရသော ဘ၀အတွက် ကျေနပ် ပျော်ရွှင်နေကြောင်း ဖွင့်ဟ ပြောကြားလိုက်သည်။
အမ်းမရိတ်စ်တွင် ဘောလုံးရာသီ တစ်ခု ဖြတ်သန်း ပြီးချိန်တွင် အသင်း၌ အခြေတကျ ဖြစ်လာခဲ့ကြောင်း ဂျာမန် လက်ရွေးစင် ခံစစ်မှူးက ဆိုသည်။ မာတီဆက်ကာသည် ၀ါဒါဘရီမင်မှ ပြောင်းရွှေ့လာခဲ့စဉ်က ၎င်း၏ မြန်နှုန်း အားနည်းမှုကြောင့် အာဆင်နယ် ကစားသမားဘ၀ ပွဲဦးထွက်တွင် အတန်ငယ် ရုန်းကန် ခဲ့ရသေးသည့်တိုင် နောက်ပိုင်းတွင်မူ မန်နေဂျာ အာစင်ဝင်းဂါး အားထားရသည့် ကစားသမား တစ်ဦး ဖြစ်လာခဲ့သည်။ အာဆင်နယ်သည် ဆိုးရွားသော ရလဒ်များကို ယခုရာသီတွင် ကြုံတွေ့ခဲ့သော်လည်း ပရီးမီးယားလိဂ် ရာသီ သိမ်းချိန်တွင် အမှတ်ပေးဇယား တတိယ နေရာ၌ ရပ်တည်ရန်အတွက် ၀က်စ်ဘရွန်းဝစ်ခ်ျအား အနိုင် ကစားရန်သာ လိုအပ်တော့သည်။
အသက်(၂၇)နှစ်ရှိ မာတီဆက်ကာက အမ်းမရိတ်စ်တွင် နေထိုင်ရသော ဘ၀နှင့် ပတ်သက်ပြီး "တစ်ချိန်ကတော့ ကျွန်တော် ဒီမှာနေရတာ အရမ်း ခက်ခဲတယ်လို့ ခံစားခဲ့မိတယ်။ အထူးသဖြင့် ကျွန်တော် ဒီကို စရောက်ကာစ အချိန်တွေမှာပေါ့" ဟု Arsenal Player သို့ ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ "အာဆင်နယ်မှာ အထိုင် ကျဖို့က တော်တော်လေး ရုန်းကန်ရတယ်။ ပြီးတော့ ပထမအသင်းမှာ ချက်ချင်း ၀င်ကစားရတဲ့ အခါ ပိုပြီး ခက်ခဲ လာပါတယ်။ ဒါကြောင့် တစ်ခါတစ်လေ ကျွန်တော့် စွမ်းဆောင်ရည်က ကျဆင်း နေခဲ့တယ်။ ခုတော့ ကျွန်တော် ဒီမှာ သက်တောင့်သက်သာ ဖြစ်နေပါပြီ။ ဒီအသင်းမှာ ကစားရတဲ့ အတွက်လည်း အပြည့်အ၀ ဂုဏ်ယူ နေမိပါတယ်" ဟု ပြောကြားခဲ့သည်။
မာတီဆက်ကာသည် လတ်တလောတွင် ဒဏ်ရာ ရရှိထားသော်လည်း ဥရောပ ဖလားပြိုင်ပွဲဝင် ဂျာမန် လက်ရွေးစင် အသင်း၏ ယာယီ လူစာရင်းတွင် အရွေးချယ် ခံထားရသည်။
Ref: Give Me Football
တစ်ခါတစ်လေ ကျွန်တော့် စွမ်းဆောင်ရည်က ကျဆင်း နေခဲ့တယ်။ ခုတော့ ကျွန်တော် ဒီမှာ သက်တောင့်သက်သာ ဖြစ်နေပါပြီ။ ဒီအသင်းမှာ ကစားရတဲ့ အတွက်လည်း အပြည့်အ၀ ဂုဏ်ယူ နေမိပါတယ်...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com