ဒုတိယသမ္မတ-၁ သီဟသူရ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အခုမေလကုန်မှာ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို အရေးပေါ် ခေါ်ယူဖို့အာဏာပိုင်တွေက စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
လောလောဆယ်အထိ လွှတ်တော်ကိုယ်စားလှယ်တွေကို တရားဝင်စာနဲ့  အကြောင်းကြားတာ မရှိသေးပေမယ့် ဦးတင်အောင်မြင့်ဦးနှုတ်ထွက်မှု
နဲ့ပတ်သက်လို့ ဒီလထဲမှာ အရေးပေါ် လွှတ်တော်ခေါ်ယူဖို့ ဖြစ်နိုင်ချေ
များတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က
ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော်အစည်းအရေးကို အရေးပေါ် ခေါ်ယူမယ်ဆိုရင် လွှတ်တော်အမတ်တွေကို ၁၅ ရက် ကြိုတင်အကြောင်းကြားရဖို့ ရှိပါတယ်။ ဒုတိယသမ္မတ-၁ သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ တပ်မတော်က တင်မြှောက်တဲ့ကိုယ်စားလှယ်ဖြစ်တဲ့အတွက် လစ်လပ်သွားတဲ့ သူ့နေရာအတွက် တပ်မတော်ကဘဲ ပြန်လည် ခန့်အပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

RFA-Burmese
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com