ဂျာနယ် မျက်နှာဖုံးမှာ စပါးကြီးမြွေနဲ့ အတူ တွေ့ရသူကတော့ နွယ်နွယ်ထွန်း ဖြစ်ပါတယ်။မော်ဒယ် နွယ်နွယ်ထွန်းက "မြွေကလည်း အရမ်းလိမ္မာတယ်လေ။ မြွေကိုက်မှာ မကြောက်ဘူး။ ဓာတ်ပုံရိုက်ရင်း မြွေချေး ပါချမှာကိုပဲ ကြောက်ခဲ့တယ်" လို့ ဧပြီ ၂၆ ရက်နေ့ထုတ် 8 Days A Week ဂျာနယ်အင်တာဗျူးမှာ အတွေ့အကြုံ ရှင်းပြပါတယ်။
ဒီပုံ ဖြစ်လာရေးအတွက် ကြိုးပမ်းခဲ့သူတွေကတော့ ဓာတ်ပုံဆရာက အေးဇော်မိုး၊ ဒီဇိုင်းက ပြည့်မင်းဇော် ဆိုတာကို မျက်နှာဖုံးမှာ တွေ့ရမှာပါ။အမေးအဖြေတွေက စိတ်ဝင်စားစရာပါပဲ။
ထူးထူးခြားခြား အနုပညာ လှုပ်ရှားမှုမျိုး မတွေ့ရဘဲနဲ့၊ ဘာကြောင့် နာမည်ကြီးနေရပါသလဲ ဆိုတဲ့ မေးခွန်းကို သူက "လူတွေပိုသိတာက Photo Model ကြောင့်လို့ ထင်မိပါတယ်" လို့ ဖြေသွားပါတယ်။
သူ့နာမည်ကို ဂူဂဲလ်လိုက်မယ် ဆိုရင် ကာလသားကြိုက်ပုံတွေ အများအပြား တွေ့ရမှာပါ။
teen မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ နွယ်နွယ်ထွန်းရဲ့ ပုံရိပ် ၄ ခု - ဓာတ်ပုံများ အောင်ကျော်မိုး(New Image)
သူ့အစ်မဖြစ်သူ မိုးမြင့်သဇင်ကလည်း မော်ဒယ်လ်ပါပဲ။ သို့သော်လည်း သူ့လောက်တော့ နာမည် မကြီးပါ။နွယ်နွယ်ထွန်းအကြောင်း ပြန်ဆက်ရရင် မအူပင်ကနေ ရန်ကုန်တက်ပြီး ၀ါသနာပါတဲ့ မော်ဒယ်လ် အလုပ်အတွက် ၂၀၀၉ ခုနှစ်မှာ သင်တန်း တက်ရင်းနဲ့ ကြော်ငြာတွေအတွက် ဓာတ်ပုံတွေ ရိုက်ဖြစ်နေတာက အခုချိန်ထိပါပဲ တဲ့။ အရက်ကြော်ငြာတွေအတွက် ဆိုရင် Sexy နည်းနည်းကျတဲ့ ပုံစံမျိုး ရိုက်ဖြစ်တယ်လို့ ဆိုတယ်။
Sponser ဆိုတဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုပေးပါဦး ဆိုတဲ့ မေးခွန်းလည်း ပါပါတယ်။
သူ့အဖြေက - "ဒါကတော့ ဘယ်သူ့ကိုမှ အပြစ်ပြောလို့ မရပါဘူး။ သိသလောက်ဆိုရင် ချစ်သူဆိုတာ တွေ့နေရတယ်။ အဲဒါကို မဟုတ်တာ လုပ်နေကြတယ်လို့ ပြောလို့မရပါဘူး" တဲ့။
ပွင့်ပွင့်လင်းလင်း မေးဖြေထားကြတာတွေထဲက ကောက်နုတ် ဖော်ပြလိုက်တာ ဖြစ်ပါတယ်။



6:07 AM
Admin

Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com