အမေရိကန် မေဂျာလိဂ် ဘောလုံး လောကတွင် ၀င်ငွေ အကောင်းဆုံး ဘောလုံးသမား အဖြစ် သီအာရီ အွန်နရီက ရပ်တည် နိုင်ခဲ့ပြီ ဖြစ်သည်။
နယူးယော့ခ် ရက်ဒ်ဘူးလ် တိုက်စစ်မှူး အွန်နရီသည် (၂၀၁၂)ခုနှစ်တွင် လုပ်ခ ခံစားခွင့် စုစုပေါင်း ဒေါ်လာ (၅.၆)သန်း ရရှိခဲ့သည်။ သို့သော်လည်း ပြင်သစ် လက်ရွေးစင်ဟောင်း အွန်နရီသည် တစ်ဖက်တွင် ဒေးဗစ်ဘက်ဟမ်း လုပ်ခလစာ လျှော့ယူမှုကြောင့် ယခုလို ထိပ်ဆုံးနေရာ ရောက်လာခြင်း ဖြစ်သည်။ အင်္ဂလန် လက်ရွေးစင်ဟောင်း ကွင်းလယ်လူသည် လော့စ်အန်ဂျလိစ် ဂလက်စီနှင့် ချုပ်ဆိုသော စာချုပ်သစ်တွင် လုပ်ခလစာ လျှော့ယူပေးရန် သဘော တူခဲ့သဖြင့် ထိပ်ဆုံး နေရာမှ လျော့ကျ သွားခြင်းဟု သိရှိရသည်။
ယခု ဖော်ပြသော လုပ်ခလစာ ပမာဏသည် အာဆင်နယ်နှင့် ဘာစီလိုနာ တိုက်စစ်မှူးဟောင်း၏ စာချုပ်ပါ လုပ်ခ၊ ဆုကြေးနှင့် အခြားသော ခံစားခွင့်များ အားလုံးကို ထည့်သွင်း တွက်ချက်ထားခြင်း ဖြစ်သည်။ ရက်ဒ်ဘူးလ် အသင်းတွင် မေဂျာလိဂ်၏ လုပ်ခလစာ အမြင့်မားဆုံး စာရင်းဝင် ကစားသမားများ အနက် အွန်နရီသည် တစ်ဦးတည်း ပါဝင်နေခြင်း မဟုတ်ပေ။ ယခင် ဘာစီလိုနာ အသင်း ခံစစ်မှူးဟောင်း ရာဖေးလ် မားကွက်ဇ်သည်လည်း တစ်နှစ်လုပ်ခ ဒေါ်လာ (၄.၆)သန်း ခံစားခွင့် ရရှိနေကြောင်း သိရှိရသည်။
နယူးယော့ခ် ရက်ဒ်ဘူးလ် တိုက်စစ်မှူး အွန်နရီသည် (၂၀၁၂)ခုနှစ်တွင် လုပ်ခ ခံစားခွင့် စုစုပေါင်း ဒေါ်လာ (၅.၆)သန်း ရရှိခဲ့...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com