မန်ချက်စတာ စီးတီး အသင်းသည် နွေရာသီတွင် ဘာစီလိုနာ ခံစစ်မှူး ဒန်နီအဲလ်ဗက်စ်အား ကမ်းလှမ်းမှု ပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရှိရသည်။
မန်စီးတီးသည် အသက်(၂၉)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံ ခံစစ်မှူးအား ကစားသမား အလိုက်ပေး ခေါ်ယူရန် ရည်ရွယ်ထားကြောင်း သတင်းများက ဆိုသည်။ လက်ရှိတွင် အဲလ်ဗက်စ်ကို ရုရှားမှ ကြွယ်ဝ ချမ်းသာသော ကလပ်အသင်း အန်ဇီးက စိတ်ဝင်စား နေသည်။ ဘာစီလိုနာ အသင်းမှ ယာယာတိုရေးကို ခေါ်ယူပြီး အောင်မြင်မှုများ ရရှိခဲ့သည့် ပရီးမီးယားလိဂ် ချန်ပီယံတို့သည် ယခုအခါတွင် နောက်ထပ် ဘာစီလိုနာ ကြယ်ပွင့်တစ်ဦးကို ကစားသမား အလိုက်ပေး ကမ်းလှမ်းရန် စီစဉ်လာခြင်း ဖြစ်သည်။

မန်စီးတီးမှ စိတ်ဝင်စားနေသည့် အဲလ်ဗက်စ်
မန်စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီသည် ဘယ်တောင်ပံ ခံစစ်မှူး အလက်ဇန္ဒား ကိုလာရော့ဗ်အပြင် ယူရိုငွေ (၁၅)သန်း ပေးချေကာ ဘာစီလိုနာ၏ ညာတောင်ပံမှ စွယ်စုံရ ကစားသမားအား ၀ယ်ယူဖွယ် ရှိနေကြောင်း သိရသည်။ အစောပိုင်းက ဘာစီလိုနာသည် အသင်းမှ ထွက်ခွာရန် သေချာနေသည့် အဲလ်ဗက်စ် နေရာတွင် အစားထိုးရန် မန်စီးတီး ညာနောက်ခံလူ ပက်ဘလို ဇာဘလက်တာအား ချိတ်ဆက်နေကြောင်း သတင်းများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြ ခဲ့သေးသော်လည်း ဇာဘလက်တာက မန်စီးတီးတွင်သာ ဆက်ကစားမည်ဟု ပြောကြားခဲ့သည်။
မန်စီနီသည် ဘယ်တောင်ပံ ခံစစ်မှူး အလက်ဇန္ဒား ကိုလာရော့ဗ်အပြင် ယူရိုငွေ (၁၅)သန်း ပေးချေကာ ဘာစီလိုနာ၏ ညာတောင်ပံမှ စွယ်စုံရ ကစားသမားအား ၀ယ်ယူဖွယ်ရှိ...



7:34 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com