မန်ချက်စတာ စီးတီးအသင်းမှ ထွက်ခွာပြီး ဘာစီလိုနာအတွက် ကစားခွင့်ရမည့် အခွင့်အရေးအား ပက်ဘလို ဇာဘလက်တာက ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သည်။
ဘာစီလိုနာသည် နွေရာသီတွင် အသင်းမှ ဘရာဇီးလ် ညာနောက်ခံလူ ဒန်နီအဲလ်ဗက်စ်အား ရောင်းထုတ်ပြီး မန်စီးတီးမှ အာဂျင်တီးနား လက်ရွေးစင်ဖြင့် အစားထိုးရန် ရည်ရွယ်ခဲ့သော်လည်း ဇာဘလက်တာက ငြင်းဆန်ခဲ့သည်။ အသက်(၂၇)နှစ်ရှိ ဇာဘလက်တာက ဘာစီလိုနာထံမှ ချဉ်းကပ်ရန် ပြင်ဆင်နေကြောင်း သတင်းများ ကြားသိကတည်းက မိမိသည် မန်စီးတီးတွင်သာ ဆက်ကစားမည်ဟု ပြောဆိုကာ အသင်းနှင့် လက်ရှိ စာချုပ်ကို ပြန်လည် ညှိနှိုင်းရန် စီစဉ်လျှက် ရှိနေသည်။
ဇာဘလက်တာသည် အစ်တီဟတ်တွင် (၂၀၁၅)ခုနှစ်ထိ စာချုပ်ထားရာ သက်တမ်းတိုးရန် အစီအစဉ် မရှိသော်လည်း စာချုပ်ပါ လုပ်ခလစာ ခံစားခွင့်ကို ပြင်ဆင်ရန် ဆွေးနွေးမည် ဖြစ်သည်။ (၂၀၀၈)ခုနှစ်က စပိန်ကလပ် အက်စ်ပန်ညိုမှ ပြောင်းရွှေ့လာသော ကစားသမားသည် အစ်တီဟတ်တွင် တစ်ပတ် ပေါင်စတာလင် (၆၅၀၀၀) ရရှိနေသော်လည်း ယခုအခါ တစ်ပတ် ပေါင်စတာလင် (၁၀၀၀၀၀)အထက် ခံစားခွင့် ရရှိရန် မျှော်လင့်နေသည်။ မန်စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီ ကိုယ်တိုင်ကလည်း ဇာဘလက်တာသည် ၎င်း၏ အနာဂတ် စီမံကိန်းတွင် အရေးပါသည့် နေရာ၌ ရှိနေဆဲဖြစ်ကြောင်း အတည်ပြု ပြောဆို ထားခဲ့သည်။
Ref: The Sun
ဘာစီလိုနာသည် နွေရာသီတွင် အသင်းမှ ဘရာဇီးလ် ညာနောက်ခံလူ ဒန်နီအဲလ်ဗက်စ်အား ရောင်းထုတ်ပြီး မန်စီးတီးမှ အာဂျင်တီးနား လက်ရွေးစင်ဖြင့် အစားထိုးရန် ရည်ရွယ်ခဲ့သော်လည်း ဇာဘလက်တာက ငြင်းဆန်ခဲ့..
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com