22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 23, 2012

ဘောလုံး ဖွံဖြိုးရေးသည် တိုင်းပြည်၏ စီးပွားရေး အပေါ် တည်မှီကြောင်း ဒေါက်တာ စိုင်းဆမ်ထွန်း ဖွင့်ဟ

မြန်မာ နေရှင်နယ်လိဂ်တွင် အအောင်မြင်ဆုံး ကလပ် အသင်းဖြစ်သည့် ရတနာပုံ အသင်း၏ ပိုင်ရှင်ဖြစ်သူ ဒေါက်တာ စိုင်းဆမ်ထွန်းက မိမိတို့နိုင်ငံ၏ ဘောလုံး ဖွံ့ဖြိုးရေးမှာ တိုင်ပြည်၏ စီးပွားရေးအပေါ် တည်မှီကြောင်း မေလ (၁၉)ရက်နေ့က ပြုလုပ်ခဲ့သည့် Think Tank အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊ အားကစား ကလောင်ရှင်များ၊ ဘောလုံး ကျွမ်းကျင်သူ လက်ရွေးစင် ကစားသမား ဟောင်းများ တက်ရောက် ခဲ့ကြသည်။ တက်ရောက်လာကြသူများက မိမိတို့၏ အကြံဥာဏ်များအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ရာ ဒေါက်တာ စိုင်းဆမ်ထွန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ဘောလုံး အားကစားပဲ ကွက်ကြည့်မယ် ဆိုရင်တော့ မှန်မယ် မထင်ပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာ ပညာရေး၊ လူမှုရေး၊ စီးပွားရေး အားလုံးအားလုံး ဂျာအေး သူ့အမေရိုက် နေတယ်လို့ ဆိုနိုင်ပါတယ်။ MNL ကလပ်အသင်း တစ်သင်း အနေနဲ့ တစ်နှစ်ကို ဒေါ်လာ တစ်သန်းလောက် ကုန်ကျစရိတ် ရှိပါတယ်။ အားလုံးကတော့ ဘောလုံးလောက တိုးတက်လာဖို့ ၀ိုင်းလုပ်နေတာပါပဲ။ လက်ရှိ နိုင်ငံအနေအထားက အရှိန်ရလာပြီ ဆိုပေမယ့် အားရစရာ မရှိသေးပါဘူး။ စီးပွားရေး ကောင်းတဲ့ နိုင်ငံတွေကို ကြည့်ရင် အလိုလို မျက်နှာပန်း လှပါတယ်။ စီးပွားရေးက အဓိကပါ။ ဒါမှ ဘောလုံးအဆင့်အတန်း ဆွဲတင် နိုင်မှာပါ။ စီးပွားရေး ပြေလည်တာနဲ့ ကိုယ်လုပ်ချင်တာတွေ ထလုပ်နိုင်ပါလိမ့်မယ်။ ပညာရေး ကဏ္ဍမှာ အားကစားကို တွဲလုပ်စေချင်တယ် ဆိုပေမယ့် သူတို့ရဲ့ ဘတ်ဂျက် အနေအထားကိုလည်း ကြည့်ဖို့လိုပါတယ်။ စီးပွားရေး ကောင်းရင်တော့ ကျန်တာတွေ အားလုံး ပြေလည် သွားမယ်လို့ ယုံကြည်ပါတယ်" ဟု ဒေါက်တာစိုင်းက ဆွေးနွေး ပြောကြားခဲ့သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )