မန်ချက်စတာ စီးတီး အသင်းက ၎င်းအား စာချုပ်သက်တမ်း တိုးရန် ငြင်းဆန် လိုက်ပြီးနောက် အိုဝင်ဟားဂရေ့ဗ်သည် ယခုအခါ အသင်းသစ် ရှာဖွေနေပြီ ဖြစ်သည်။
မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမားဟောင်းသည် မန်စီးတီးနှင့် (၁)နှစ် စာချုပ်သက်တမ်း ကာလအတွင်း ပရီးမီးယားလိဂ်တွင် (၁၃)မိနစ်ကြာ ကစားခွင့် ရခဲ့သည်။ ယခုအခါ မန်စီးတီးက အင်္ဂလန် ကွင်းလယ်လူ ဟားဂရေ့ဗ်အား စာချုပ်သက်တမ်း မတိုးတော့ကြောင်း အသိပေးကာ အသင်းမှ ထွက်ခွာခွင့် ပေးလိုက်ပြီ ဖြစ်သည်။ ဟားဂရေ့ဗ်သည် မန်စီးတီး အတွက် တစ်ရာသီလုံးတွင် ပြိုင်ပွဲပေါင်းစုံ စုစုပေါင်း (၄)ပွဲကစားကာ အချိန်(၂)နာရီခွဲ ကြာအောင် ပါဝင် ခဲ့ရသည်။ ထိုမျှလောက် နည်းပါးသော အချိန်ပိုင်း ကစားခွင့်သည်ပင် လွန်ခဲ့သော (၄)နှစ်အတွင်း ၎င်း၏ အချိန် အကြာဆုံး ကစားနိုင်သည့် နှစ်အဖြစ် စံချိန် တင်နိုင်ခဲ့သည်။ ဟားဂရေ့ဗ်သည် အိုးလ်ထရက်ဖို့ဒ်တွင် နောက်ဆုံး (၃)နှစ်အတွင်း (၆)မိနစ်သာ ကစား နိုင်ခဲ့သည်။

အသင်းပြောင်းတော့မည့် ဟားဂရေ့ဗ်
အသက်(၃၁)နှစ် ရှိပြီဖြစ်သော ဟားဂရေ့ဗ်သည် မန်စီးတီးနှင့် စာချုပ်စဉ်က တစ်ရာသီလုံး ပွဲပေါင်း(၄၀)မျှ ကစားကာ အင်္ဂလန်၏ ဥရောပ ဖလား လူစာရင်းတွင် ပါဝင်ခွင့် ရရန် မျှော်လင့်ကြောင်း ပြောဆို ခဲ့သော်လည်း လက်တွေ့ မဖြစ်မြောက် လာခဲ့ချေ။ ယခုအခါ ဟားဂရေ့ဗ်သည် လာမည့်ရာသီ ကိုယ်စားပြု ကစားရန် အသင်းသစ် တစ်ခုကို ရှာဖွေနေရပြီ ဖြစ်သည်။ မန်စီးတီးသည် ဟားဂရေ့ဗ်အား နည်းပါးသော လုပ်ခလစာ တစ်ရပ်နှင့် စာချုပ်ကာ ပွဲကစားခွင့်အလိုက် အပိုဆောင်း ပေးချေရန် သဘော တူညီထားပြီး ယခု အခါတွင်မူ ပြောင်းရွှေ့ခွင့် ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
Ref: Daily Mail
မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမားဟောင်းသည် မန်စီးတီးနှင့် (၁)နှစ် စာချုပ်သက်တမ်း ကာလအတွင်း ပရီးမီးယားလိဂ်တွင် (၁၃)မိနစ်ကြာ ကစားခွင့် ရခဲ့..



6:24 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com