22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 23, 2012

လက်ရွေးစင် နည်းပြဟောင်း အိုင်ဗင်ကိုလက်ဗ် ရန်ကုန် ယူနိုက်တက်အား ကိုင်တွယ်မည်

မြန်မာ့ လက်ရွေးစင် နည်းပြချုပ်ဟောင်း ဘူဂေးရီးယား လူမျိုးနည်းပြ အိုင်ဗင်ကိုလက်ဗ်သည် ရန်ကုန် ယူနိုက်တက် အသင်း၏ နည်းပြသစ် ဖြစ်လာဖွယ် ရှိနေကြောင်း သိရသည်။

နည်းပြဟောင်း အဲရစ်ဝီလျံနှင့် လမ်းခွဲခဲ့ပြီးနောက် ရန်ကုန်အသင်း အနေဖြင့် နည်းပြသစ် တစ်ဦး ခန့်အပ်နိုင်ရန် အပူတပြင်း ရှာဖွေခဲ့ရာ အင်ဒိုနီးရှား ကလပ်အသင်း ပရိုဒူတာအား ကိုင်တွယ်နေသည့် အိုင်ဗင်ကိုလက်ဗ်နှင့် ချိတ်ဆက် မိခဲ့ခြင်း ဖြစ်သည်။ အသင်း အထွေထွေ အတွင်းရေးမှူး ဦးဇွဲလှိုင်မှီ အဆိုအရ အိုင်ဗင်ကိုလက်ဗ်နှင့် နှုတ်အားဖြင့် သဘောတူညီမှု ရရှိပြီးဖြစ်ကာ ရန်ကုန်သို့ ရက်ပိုင်းအတွင်း ရောက်ရှိလာမည် ဖြစ်ကာ အသေးစိတ် ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
အိုင်ဗင်ကိုလက်ဗ်

အိုင်ဗင်ကိုလက်ဗ်သည် ၂၀၀၄ ခုနှစ် တိုက်ဂါးဖလားတွင် မြန်မာ့လက်ရွေးစင် အသင်းအား ဆီမီးဖိုင်နယ် ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြ တစ်ဦးဖြစ်သည်။ ထိုစဉ်က အိမ်ရှင် မလေးရှား၊ လက်ရှိ ချန်ပီယံ ထိုင်းတို့နှင့် အတူ အုပ်စုကျပ် အတွင်း ကျရောက်ခဲ့ သော်လည်း ထိုင်းနှင့် သရေ၊ မလေးရှားအား အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်အောင် စွမ်းဆောင် ပေးနိုင်ခဲ့သည်။

နည်းပြဟောင်း အဲရစ်ဝီလျံနှင့် လမ်းခွဲခဲ့ပြီးနောက် ရန်ကုန်အသင်း အနေဖြင့် နည်းပြသစ် တစ်ဦး ခန့်အပ်နိုင်ရန် အပူတပြင်း ရှာဖွေခဲ့ရာ အင်ဒိုနီးရှား ကလပ်အသင်း ပရိုဒူတာအား ကိုင်တွယ်နေသည့် အိုင်ဗင်ကိုလက်ဗ်နှင့် ချိတ်ဆက် မိခဲ့ခြင်းဖြစ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )