မိမိ အနေဖြင့် ဂါရတ်သ် ဘေးလ်ကို အသင်းမှ ထွက်ခွာခွင့် ပေးရန် စိတ်ကူး မရှိကြောင်း တော့တင်ဟမ် ဟော့စပါး မန်နေဂျာ ဟယ်ရီ ရက်နပ်က ပြောကြားလိုက်သည်။
စပါးသည် ပရီးမီးယားလိဂ် အမှတ်ပေး ဇယားတွင် အဆင့်(၄) ချိတ်ခဲ့သော်လည်း ချယ်လ်ဆီး အသင်း ဥရောပ ချန်ပီယံ ဖြစ်လာခြင်းနှင့် အတူ ချန်ပီယံလိဂ် ၀င်ခွင့်ကို ဆုံးရှုံးထားသည်။ ယခင်က ဘေးလ်သည် စပါးအသင်း ချန်ပီယံလိဂ် ၀င်ခွင့် မရပါက အနာဂတ် အတွက် အပြောင်းအလဲ တစ်ခုခုကို စဉ်းစား ရမည်ဟု ပြောဆို ခဲ့ဖူးရာ နွေရာသီတွင် ၎င်းသည် ၀ှိုက်ဟတ်လိန်းကို စွန့်ခွာလိမ့်မည် ဆိုသော ထင်ကြေးများ အားကောင်း လာခဲ့သည်။ သို့သော်လည်း အသက်(၂၂)နှစ်ရှိ ဘေးလ်ကို စပါးမှ ထွက်ခွာခွင့် ပေးမည် မဟုတ်ကြောင်း အင်္ဂလန်သား မန်နေဂျာကြီး ရက်နပ်က အတည် ပြုခဲ့သည်။

စပါးတွင် ဆက်ရှိနေနိုင်သည့် ဘေးလ်
လက်ရှိတွင် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ချယ်လ်ဆီး၊ မန်ချက်စတာ စီးတီးနှင့် မန်ချက်စတာ ယူနိုက်တက် အသင်းများက စိတ်ဝင်စားခြင်းကို ခံနေရသူ ဘေးလ်နှင့် ပတ်သက်ပြီး ရက်နပ်က "ဘေးလ်ကိုယ်တိုင်လည်း အသင်းမှာ နောက်ရာသီ ဆက်ကစားချင် နေတာပါ။ သူဟာ အသင်းမှာ ပျော်ရွှင် နေသလို ကျွန်တော်တို့ကလည်း သူ့ကို လက်လွှတ်ခံဖို့ စိတ်ကူး လုံးဝ မရှိပါဘူး" ဟု ပြောဆိုသွားသည်။ ဘေးလ်ကို စပါးက တန်ကြေး ပေါင်စတာလင် သန်း(၄၀)ထိ သတ်မှတ်ထားပြီး အကယ်၍ မဖြစ်မနေ ရောင်းထုတ်ရသည့် အခြေအနေမျိုး ကြုံလာလျှင်ပင် ပြည်တွင်း ကလပ် အသင်းများထံ မပြောင်းရွှေ့ရန် တားဆီးဖွယ် ရှိနေသည်။
ဘေးလ်ကိုယ်တိုင်လည်း အသင်းမှာ နောက်ရာသီ ဆက်ကစားချင် နေတာပါ။ သူဟာ အသင်းမှာ ပျော်ရွှင် နေသလို ကျွန်တော်တို့ကလည်း သူ့ကို လက်လွှတ်ခံဖို့ စိတ်ကူး လုံးဝ မရှိပါဘူး...
လက်ရှိတွင် ယခုရာသီ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ပွဲစဉ် အများအပြား ကစားခွင့် မရခဲ့သူ ကွင်းလယ်လူ တွမ်ဟယ်လ်ဒါတုန်းသည် လာမည့် ရာသီတွင် စပါးအတွက် ပြန်ကစား ပေးရန် အသင့် ရှိနေပြီ ဖြစ်သည်။ ၎င်းသည် စပါး၏ ဒဏ်ရာရ စာရင်းဝင် နှစ်ဦးဖြစ်သော ဂျာမိန်းဂျီးနက်စ်၊ မိုက်ကယ် ဒေါ်ဆင်တို့နှင့် အတူ စပါး၏ လေ့ကျင့်ရေး ကွင်းတွင် ကြံ့ခိုင်မှု လေ့ကျင့်ခန်းများ ပြုလုပ်လျှက် ရှိသည်။
Ref: The Sun



6:21 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com