ပြည်သူတို့အတွက် အဆင်ပြေသော အခွန်နှုန်းထားတရပ် ဖြစ်ရန်အတွက် သက်ဆိုင်ရာမှ တနှစ်တခါ စောင့်ကြည့်ကာ ထိန်းညှိသွားရန်လိုအပ်ကြောင်း အမေရိကန်နိုင်ငံမှ ပါမောက္ခရောဘတ်ကော နတ်က မေလ ၂၅ ရက်နေ့က ပြုလုပ်သော ဟောပြောပွဲတခုတွင် ပြောကြားသွားသည်။
“ဘတ်ဂျက်နှစ် ရောက်တိုင်းမှာ ပြီးခဲ့တဲ့နှစ်က အခွန်ကိစ္စ အဆင်ပြေရဲ့လားဆိုပြီး သက်ဆိုင်ရာ အခွန်သတ်မှတ်တဲ့လူတွေက ပြန်လည်လေ့လာ သုံးသပ်မှုတွေပြုပြီး ထိန်းညှိဖို့ လိုအပ်ပါတယ်”ဟု Reform strategy and People-centered Development ဆွေးနွေးပွဲတွင် ပြောကြားသွားခြင်း ဖြစ်သည်။
ဆက်လက်၍ ပြည်သူလူထုအနေဖြင့် အခွန်နှုန်းထား မပိဖို့ အရေးကြီးကြောင်း၊ ပြည်သူနိုင်နင်းသော ၀င်ငွေအခွန်တရပ် ပေးနိုင်မှသာ လူထုအဆင်ပြေမည်ဖြစ်ကြောင်း Myanmar Development and Resource Institute မှ ကြီးမှူး ပြုလုပ်သော အဆိုပါ ဟောပြောပွဲတွင် ၎င်းက သုံးသပ်ပြောကြားခဲ့သည်။
သမ္မတ အကြံပေး ဦးမြင့် ကလည်း ပြည်သူလူထု ပေးထားသောအခွန်သည် ပြည်သူအတွက် အလွန်အရေးပါပုံကို လတ်တလော ကြုံတွေ့နေရသော ဥပမာတခုဖြင့် ပြောကြားခဲ့သည်။
“အခွန်ထမ်း ပြည်သူတွေအတွက် အရေးပါတဲ့ ဥပမာတခု ပြရရင် မီးတွေ ပျက်တယ်ဆိုရင် အဲယားကွန်း ဖွင့်လို့မရဘူး။ ပူရင် အိပ်လို့မရဘူး။ အခွန်ပေးထားတဲ့လူတွေအတွက် ၅ မိနစ်အိပ်မပျော်ရင် အခွန်အတွက် ဆုံးရှုံးပါတယ်”ဟု ပြောကြားသွားသည်။
အင်္ဂလန်နိုင်ငံမှ ပါမောက္ခ Paul Colllier က ပြည်သူဗဟိုပြု ပြုပြင်ပြောင်းလဲရေးများကို ဖော်ဆောင်ရာတွင် အဖွဲ့အစည်းများ၏ အင်အား၊ အရပ်ဘက် လူ့အဖွဲ့အစည်းတို့၏ အားဖြင့် ဗဟိုပြုကာ ပြည်သူတို့အတွက် အမှန်တကယ် ထိရောက်သည့် အပြောင်းအလဲများဖြစ်ရန် လျှင်မြန်စွာ ဖော်ဆောင်ရန် လိုအပ်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com