ပုဂ္ဂလိက အလှူရှင်တွေဆီက လက်ခံရရှိထားတဲ့ အလှူငွေတွေကို ရန်ကုန်တိုင်းအတွင်းရှိ အမေ့အိမ် ပညာဒါနကျောင်း စုစုပေါင်း ၂၅ ကျောင်းအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ ကျပ်ငွေ သိန်း ၁၀၀ နီးပါး ပေးအပ်လှူဒါန်း လိုက်ပါတယ်။
၂၀၁၂ ခုနှစ် မေလ ၄ ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်၊ ရွှေဂုံတိုင် အဖွဲ့ ချုပ်ရုံးတွင် ပညာရေးကွန်ရက် ရန်ပုံငွေ ပေးအပ်လှူဒါန်းပွဲ ပြုလုပ်နေစဉ်။
ဒီ ရန်ပုံငွေပေးအပ်ပွဲကို ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ပြီး NLD သဘာပတိအဖွဲ့ နာယက ဦးတင်ဦးကိုယ်တိုင် လှူဒါန်းလိုက်တာလို့ ဦးဟန်သာမြင့်က RFA ကို ပြောပါတယ်။
ကျောင်းသားဦးရေ အနည်းအများပေါ် မူတည်ပြီး တစ်ကျောင်းကို ၂ သိန်း၊ ၄ သိန်း၊ ၆ သိန်း စသည်ဖြင့် ကျောင်းကော်မတီအဖွဲ့ဝင်တွေကို ပေးအပ်လိုက်တာပါ။ အလှူငွေအပြင် အလှုရှင်တွေ ပေးအပ်ထားတဲ့ ဗလာစာအုပ် အုပ်ရေ (၆၀၀၀) လောက် ကိုလည်း ခွဲဝေလှူဒါန်းလိုက်ပါတယ်။
ဒီပွဲကို NLD သဘာပတိအဖွဲ့ နာယက ဦးတင်ဦး၊ သဘာပတိ အဖွဲ့ဝင် ဦးဝင်းတင်နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ အမျိုးသမီးအဖွဲ့ဝင်တွေနဲ့ လူငယ်အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com