22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, June 29, 2012

အီတလီနှင့် တွေ့တိုင်း ကံမကောင်းသည့် အစဉ်အလာဆိုး တည်တံ့ခဲ့သည့် ဂျာမနီ ~ အီတလီ ၂ - ၁ ဂျာမနီ

အီတလီနှင့် တွေ့ဆုံတိုင်း အစဉ်အလာ ကောင်းလေ့ မရှိသည့် စံချိန်ကို ဂျာမနီအသင်း ဆက်လက် ထိန်းသိမ်းကာ ဥရောပဖလားတွင် အကြိုဗိုလ်လုပွဲ အဆင့်မှ ထွက်ခွာရပြီ ဖြစ်သည်။
အီတလီ အသင်းတွင် မာရီယို ဘာလော့တယ်လီ၊ အန်တိုနီယို ကာဆာနို၊ ဒန်နီရယ်လ် ဒီရော့စီ၊ ရီကာဒို မွန်တိုလီဗို၊ ကလော်ဒီယို မာချီစီယို၊ အန်ဒရီ ပီယာလို၊ ဂျော်ဂျီယို ချီလီယေနီ၊ လီယိုနာဒို ဘိုနူစီ၊ အန်ဒရီယာ ဘာဇာဂလီ၊ ဖက်ဒရီကို ဘယ်လ်ဇာရက်တီတို့ဖြင့် ပွဲထွက် ကစားခဲ့သည်။ ဗိုလ်စွဲရန် ရေပန်းအစားဆုံးအဖြစ် ရပ်တည်ခဲ့သော ဂျာမနီတွင် မာရီယိုဂိုမက်ဇ်၊ လူးကက်စ် ပိုဒေါ့စကီး၊ မီဆွတ်အိုဇေးလ်၊ တိုနီ ခရူးစ်၊ ဆမ်မီ ခီဒီရာ၊ ဘက်စတိန်း ရှဝိန်းစတိုင်ဂါ၊ ဖိလစ်လမ်း၊ ဟိုလ်ဂါ ဘက်စ်တူဘာ၊ မတ်စ်ဟမ်မဲလ်၊ ဂျရိုမီဘိုတန်တို့ ပါဝင်လာခဲ့သည်။



ပွဲအစ (၆)မိနစ်တွင် ရှဝိန်းစတိုင်ဂါ ကန်တင်ပေးသော ထောင့်ကန်ဘောကို ဟမ်မဲလ် ဂိုးသွင်းရန် အားထုတ်မှုအား ပီယာလိုက ဂိုးစည်းပေါ်မှ ကာကွယ်ခဲ့ပြီး ဂိုးသမား ဂီယန်လူဂီ ဘူဖွန် အမိဖမ်းနိုင်ခဲ့သည်။ (၁၂)မိနစ်တွင် ခီဒီရာ ဆွဲပြေးပြီး ခရူးစ်ထံ ထုတ်ပေးလိုက်ရာ ၎င်းက ဖြတ်တင်ပေးသော်လည်း ဘူဖွန် ကာကွယ်သွားသည်။ (၁၅)မိနစ်တွင် ခရူးစ်လှမ်းကန်သော ဘောလုံးကို ဘူဖွန်ပင် တားဆီးထားနိုင်ပြန်သည်။ (၁၇)မိနစ်တွင် ဂျာမန်ကပြားဖြစ်သော အီတလီ ကွင်းလယ်လူ မွန်တိုလီဗိုက ရှဝိန်းစတိုင်ဂါကို ကျော်ဖြတ်ပြီး လှမ်းကန်ရာ ဂျာမန်ဂိုးသမား မန်နျူရယ်လ် နျူအာ ကာကွယ်နိုင်ခဲ့သည်။ (၁၈)မိနစ်တွင် ကာဆာနို ဂိုးသွင်းရန် ကြိုးစားသော ကန်ချက်ကို နျူအာက အမိ ဖမ်းနိုင်ခဲ့ပြန်သည်။ နှစ်သင်းလုံးသည် တိုက်စစ်ကို ပိုမို ဖွင့်ကစားခဲ့ပြီး မိနစ်(၂၀)တွင် အီတလီတို့ ဂိုးစရသည်။ ကာဆာနိုက ဂျာမန်ခံစစ်မှူး နှစ်ဦးကြားမှ တိုးထွက်ပြီး ကန်တင်ပေးလိုက်သည်ကို ဘာလော့တယ်လီက ခေါင်းတိုက် ဂိုးသွင်းခဲ့ခြင်း ဖြစ်သည်။ (၃၃)မိနစ်တွင် အိုဇေးလ်ထံမှ ပိုဒေါ့စကီးထံ သပ်ရပ်စွာ ခင်းပေးသော ဘောလုံးကို အီတလီ ခံစစ်က ဟန့်တားနိုင်ခဲ့သည်။ (၃၅)မိနစ်တွင် ခီဒီရာ၏ အဝေးကန်ချက် တိကျ ကောင်းမွန်သော်လည်း ဘူဖွန် ကာကွယ်ခဲ့ပြန်သည်။ (၃၆)မိနစ်တွင် အီတလီတို့ ဒုတိယဂိုး ရသွားသည်။ အီတလီ ကွင်းလယ်မှ ရှင်းထုတ် ကန်တင်ပေးလိုက်သော ဘောလုံးနောက် ဘာလော့တယ်လီက ပြေးလိုက်ကာ ဧရိယာ အစွန်နားမှတစ်ဆင့် ဂိုးတိုင် အပေါ်ထောင့်ထဲ ကန်သွင်းသွားခြင်း ဖြစ်သည်။ ပထမပိုင်း အပြီးတွင် အီတလီက (၂)ဂိုးပြတ်ဖြင့် ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်း ပြန်စပြီး (၄)မိနစ်တွင် ဂျာမန် လူစားဝင် တိုက်စစ်မှူး မာကိုရူးစ် ခင်းပေးလိုက်သည်ကို လမ်းနှင့် ခရူးစ်တို့ အပေးအယူ ကစားပြီး ဂျာမန် အသင်းခေါင်းဆောင် လမ်း ကန်သွင်းသော ဘောလုံး ဂိုးဘားတန်းပေါ် ကျော်သွားသည်။ မိနစ်(၆၀)တွင် ဘာလော့တယ်လီ ဂျာမန် ဂိုးဧရိယာထဲ ဘောလုံးရပြီး အနိမ့်ဖြတ်ကန်ရာ ဂိုးတိုင်ဘေးမှ ကပ်ထွက်သွားပြန်သည်။ (၆၂)မိနစ်တွင် ရူးစ်၏ ဂိုးသွင်းရန် အားထုတ်လာမှုကို ဘူဖွန် အကောင်းမွန်ဆုံး ကာကွယ်သွားနိုင်ခဲ့သည်။ (၆၇)မိနစ်တွင် အီတလီမှ လူစားဝင် ကစားသမား အလက်ဇန္ဒရို ဒီယာမန်တီနှင့် မာချီစီယိုတို့ အပေးအယူ ကစားပြီး မာချီစီယို လှမ်းကန်သော ဘောလုံး ဂိုးပေါက်လွဲသွားပြန်သည်။ (၇၅)မိနစ်တွင် ဘက်စ်တူဘာကို မာချီစီယို လှည့်စားပြီး အနိမ့်လှမ်းကန်သော ဘောလုံး အဝေးတိုင် အနီးမှ ကပ်ထွက်သွားခဲ့သည်။ (၈၂)မိနစ်တွင် အီတလီမှ လူစားဝင် ၀ါရင့်တိုက်စစ်မှူး အန်တိုနီယို ဒီနာတယ်လီ ဂျာမန်ခံစစ်ကြောင်းကို ကျော်ဖြတ်ကာ လှမ်းကန်သော ဘောလုံး ဂိုးပိုက်ဘေးသို့သာ ထိခဲ့သည်။ ဒုတိယပိုင်း ပြီးခါနီး နာကျင်အချိန်ပိုတွင် ဂျာမန် လူစားဝင် တိုက်စစ်မှူး မီယိုဆလက်ဗ် ကလိုဆေး၏ ဖိအားပေးမှုကြောင့် ဧရိယာအတွင်း ဘယ်လ်ဇာရက်တီ လက်ထိခဲ့ပြီး ဂျာမန်တို့ ပင်နယ်တီ ကန်ခွင့်ရသည်။ ယင်းကို အိုဇေးလ်က ကန်သွင်းပြီးနောက် မကြာမီပင် ပွဲပြီးခဲ့သဖြင့် အီတလီအသင်း (၂-၁)ဖြင့် အနိုင်ရကာ ဗိုလ်လုပွဲတွင် စပိန်နှင့် တွေ့ဆုံရန် တက်လှမ်း သွားခဲ့သည်။
ကာဆာနိုက ဂျာမန်ခံစစ်မှူး နှစ်ဦးကြားမှ တိုးထွက်ပြီး ကန်တင်ပေးလိုက်သည်ကို ဘာလော့တယ်လီက ခေါင်းတိုက် ဂိုးသွင်းခဲ့...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )