မန်ချက်စတာစီးတီး အသင်းမှ ထွက်ခွာရန် ဆန္ဒ ရှိနေသော အဒမ်ဂျွန်ဆင်သည် ဆန်းဒါးလန်းသို့ ပြောင်းရွှေ့နိုင်ရေး အတွက် လုပ်ခလစာ လျှော့ယူရန် စဉ်းစားဖွယ် ရှိနေကြောင်း သိရသည်။
ဆန်းဒါးလန်းသည် မန်စီးတီးတွင် ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေသော တောင်ပံတိုက်စစ် ကစားသမားကို ယခုနွေရာသီတွင် ကမ်းလှမ်း စာချုပ်ရန် ရည်ရွယ်ထားသော်လည်း လုပ်ခလစာ ကိစ္စက သဘောတူညီမှုတစ်ခုခု ရရှိရန်အတွက် အဟန့်အတားသဖွယ် ဖြစ်နေသည်။ ဂျွန်ဆင်သည် လတ်တလောတွင် အစ်တီဟတ် ကွင်းကြီး၌ လုပ်ခလစာ ခံစားခွင့် အနေဖြင့် တစ်ပတ်လျှင် ပေါင်စတာလင် (၈၅၀၀၀) ရရှိနေသည်။ အသက်(၂၄)နှစ်ရှိ ကစားသမားကို ဆန်းဒါးလန်း မန်နေဂျာ မာတင်အိုနေးလ်က စိတ်ဝင်စားနေသော်လည်း ကစားသမား၏ လက်ရှိ လုပ်ခလစာကို လျှော့ချပေးမှသာ အတည်ပြု ကမ်းလှမ်းဖွယ် ရှိနေကြောင်း သိရသည်။
ဆန်းဒါးလန်းသည် ကစားသမား တစ်ဦးအတွက် အမြင့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်ကို ပေါင်စတာလင် (၆၀၀၀၀)သာ သတ်မှတ်ထားကြောင်း သိရသည်။ အိုနေးလ်သည် ဂျွန်ဆင်ကို ဆွဲဆောင် ကမ်းလှမ်းမည် ဖြစ်သော်လည်း ကစားသမားနှင့် သီးခြားဆွေးနွေးကာ လုပ်ခကဏ္ဍအတွက် ညှိနှိုင်းရန် ရည်ရွယ်ထားသည်။ ဂျွန်ဆင်သည် နိုဝင်ဘာလကမှ မန်စီးတီးနှင့် ကာလရှည် စာချုပ်သစ် တစ်ရပ် လက်မှတ် ရေးထိုးထားသူ ဖြစ်သည်။ ၎င်းသည် မန်နေဂျာ ရောဘတ်တို မန်စီနီ၏ ဦးစားပေး ကစားသမား စာရင်းတွင် မပါဝင်သလို ဥရောပဖလား ပြိုင်ပွဲဝင် အင်္ဂလန် အသင်းမှပါ ချန်လှပ်ခြင်း ခံရသည့်နောက် အသင်းမှ ထွက်ခွာရန် စဉ်းစားလာခဲ့သည်။
ဆန်းဒါးလန်းသည် ကစားသမား တစ်ဦးအတွက် အမြင့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်ကို ပေါင်စတာလင် (၆၀၀၀၀)သာ သတ်မှတ်ထားကြောင်း သိရ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com