30.5.2012 နေ့လည် 113း0 အချိန် ဖားကန့်ဒေသရှိ အဲဗားဝင်းနား ကျောက်စိမ်းကုမ္မဏီ မှ
နတ်မှော် လုပ်ကွက်အတွင်း ရေမဆေးကျောက် ဝင်ရောက်ရှာသော ရေမဆေးကျောက်ရှာသူ
မောင်မင်းမင်း (33) နှစ် အား ကုမ္မဏီ ဝန်ထမ်းများ မှ ဝိုင်းရိုက်နှက်တာကြောင့် သေဆုံးမှု ဖြစ်ခဲ့ရပါတယ်။
မောင်မင်းမင်းမှာ ဖားကန့်ဆေးရုံတွင်သေဆုံးခဲ့ပါသည် ။ ဖားကန့် ရဲစခန်းမှ ထိုအမှုကို လူသတ်မှုဖြင့်
အမှုဖွင့်ထားကြောင်း သိရသည် ။ ကုမ္မဏီမှ မောင်အေးလင်းဦး တစ်ယောက်ထဲကိုသာ တရားခံ
လုပ်ခိုင်းထားကြောင်း ။ ထိုအမှု နှင့်ပတ်သက်ပြီး ဖားကန့် အာဏာပိုင်များ လာဒ်စားမှုများ ရှိနေကြောင်း
ရဲစခန်းနဲ့ နီးစပ်သူ တစ်ဦးကပြောပြသည် ။
ဖားကန့်ဒေသတွင် ကျောက်စိမ်းကုမ္မဏီများ ကျူးလွန်သော လူသတ်မှု ၊ လူသေမှု တော်တော်များများတွင်
ဌာနဆိုင်ရာများသည် ငွေများများ သုံးနိုင်သော ကုမ္မဏီများ ဘက်မှ အမြဲတမ်းလိုလို ရပ်တည်ပေးကြသည် ။
ဖားကန့် ကျောက်စိမ်းတွင်းဒေသတွင် နှစ်စဉ်လို ကားတိုက်မှု ၊ မြေပြိုမှု ၊ များတွင် လူသေဆုံးမှုများ ရှိခဲ့သည် ။
ကျောက်စိမ်းတွင်း လုပ်ငန်းမှ တစ်မှော်လုံးအတိုင်းနဲ့ပြောရရင် တစ်နှစ်ကို လူ ဆယ်ဦးထက်မနည်း သေဆုံးမှု
များရှိနေကြောင်း ဒေသခံများမှ ပြောပါသည် ။ ၎င်း လူသေမှုများတွင် ထိထိရောက်ရောက် အရေးယူမှုများ
မရှိကြောင်း သိရပါသည် ။
နစ်နာသူများကို လျော်ကြေးငွေ အနည်းငယ်သာပေးပြီး ဌာနဆိုင်ရာများကို လာဒ်ငွေ အမြောက်အများပေးပြီး
အမှုပိတ်ပြစ်သည်က များပါသည် ။

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com