လီဗာပူးလ် အသင်းမှ ခံစစ်မှူး မာတင် စကာတယ်လ်က မန်ချက်စတာ စီးတီး အသင်းသို့ ပြောင်းရွှေ့ရန် ဆွေးနွေးမှုများ ပြုလုပ်နေသည် ဆိုသော သတင်း များအား ငြင်းဆန်သွားသည်။
ဆလိုဗေးနီးယား လက်ရွေးစင်သည် လီဗာပူးလ် အသင်း၏ အမှတ်ပေး ဇယား ရပ်တည်မှု ကျဆင်းနေသည့် အခြေအနေများ အပေါ် စိတ်ပျက်နေရာ ယခုနွေရာသီတွင် အန်းဖီးလ်ကို စွန့်ခွာဖွယ် ရှိနေကြောင်း သတင်းကြီးနေသည်။ အသက်(၂၇)နှစ်ရှိပြီဖြစ်ကာ မာကျော တောင့်တင်းသော ဗဟိုခံစစ် ကစားသမားအား နောက်ခံလူသစ် တစ်ဦး ၀ယ်ယူရန် စီစဉ်နေသည့် မန်စီးတီး အသင်း မန်နေဂျာ ရောဘတ်တို မန်စီနီက မျက်စိကျနေသည်။ သို့သော်လည်း မိမိသည် အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းနှင့် မည်သည့် ဆွေးနွေးမှုမျှ မရှိသေးကြောင်း စကာတယ်လ်က ငြင်းဆိုသွားသည်။
စကာတယ်လ်၏ ပေါက်ဈေးသည် ပေါင်စတာလင် သန်း(၂၀) ၀န်းကျင်မျှ ရှိနိုင်ပြီး ၎င်းသည် လီဗာပူးလ် နောက်တန်းတွင် ခြေအမှန်ဆုံး ကစားသမား တစ်ဦးအဖြစ် ခြေစွမ်း ပြနိုင်ခဲ့သည်။ သို့သော်လည်း လီဗာပူးလ်သည် ပြီးခဲ့သည့် ရာသီက ပရီးမီးယားလိဂ်တွင် အဆင့်(၈)သာ ချိတ်ခဲ့ပြီး မန်ချက်စတာ အခြေစိုက် (၂)သင်းနောက် (၃၇)မှတ်ပြတ်ကာ ရပ်တည်ခဲ့သည်။ "ဇူလိုင် (၆)ရက်နေ့ကျရင် လီဗာပူးလ်ကို ကျွန်တော် သွားပါမယ်။ ရာသီသစ် အတွက် ကျွန်တော် စိတ်လှုပ်ရှား နေမိပါပြီ။ လီဗာပူးလ်က ကျွန်တော် ထွက်ဖြစ်မလား ဆိုတာကို ဘာမှ မပြောချင်ပါဘူး။ သေချာတာက ကျွန်တော် ဘယ်အသင်းနဲ့မှ ဆွေးနွေးမှုတွေ မလုပ်ဖြစ်သေးဘူး ဆိုတာပါပဲ" ဟု စကာတယ်လ်က ပြောကြားသွားသည်။
စကာတယ်လ်၏ ပေါက်ဈေးသည် ပေါင်စတာလင် သန်း(၂၀) ၀န်းကျင်မျှ ရှိနိုင်ပြီး ၎င်းသည် လီဗာပူးလ် နောက်တန်းတွင် ခြေအမှန်ဆုံး ကစားသမား တစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့...

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com