22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, June 4, 2012

အုပ်စု အဆင့်တွင် ပြင်သစ်အတွက် စိုးရိမ်လောက်စရာ မရှိဟု နာဆရီ သုံးသပ်

ဥရောပ ဖလား အုပ်စု အနေအထား အရ ပြင်သစ်အသင်း အနေဖြင့် ရုန်းကန် ရမည်ကို စိုးရိမ်နေစရာ အကြောင်း မရှိဟု ဆမ်မီနာဆရီက ပြောကြားလိုက်သည်။

မန်ချက်စတာ စီးတီး အသင်းမှ ကွင်းလယ် ကစားသမားက ဥရောပ ဖလား အုပ်စု(D)၏ အဖွင့်ပွဲစဉ်တွင် အင်္ဂလန်နှင့် ရင်ဆိုင် ရမည်ကို ပူပင်ခြင်း မရှိဟု ဆိုသည်။ နာဆရီသည် မန်စီးတီးနှင့် အတူ အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိထားသူ ဖြစ်ပြီး ၎င်းသည် ဥရောပ ဖလားတွင် မန်စီးတီးမှ အသင်းဖော်များနှင့် ပြိုင်ဘက်အဖြစ် ထိပ်တိုက် ရင်ဆိုင်ရမည် ဖြစ်သည်။ အသက်(၂၄)နှစ်ရှိ နာဆရီက နာမည်ကြီး အင်္ဂလန်နှင့် ဆွီဒင်၊ အိမ်ရှင် ယူကရိန်းတို့ ပါဝင်သည့်တိုင် ပြင်သစ်အတွက် အုပ်စု မကျပ်ဟု ယူဆထားသည်။
အုပ်စု အဆင့်အတွက် မစိုးရိမ်သည့် နာဆရီ

နာဆရီက "အုပ်စုမဲ မခွဲခင် အချိန်တုန်းကတော့ ဂျာမနီနဲ့ စပိန်တို့လို အင်အားကြီး အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျလာမှာ ကျွန်တော်တို့ တွေးပြီး စိုးရိမ်မိတယ်။ လက်ရှိ အုပ်စု အနေအထားကတော့ အဆင်ပြေပါတယ်။ ကျွန်တော်တို့ အနိမ့်ဆုံး ကွာတား ဖိုင်နယ်လောက်တော့ တက်နိုင်မယ့် အလားအလာမျိုး ရှိနေပါတယ်"ဟု ပြောကြားခဲ့သည်။ ၎င်းက နည်းပြ လောရင့်ဘလန့် အနေဖြင့် ပြင်သစ်ကို အကြောက်တရား ကင်းမဲ့သော အင်အားစု တစ်ခုအဖြစ် ထူထောင်နိုင်လိမ့်မည်ဟုလည်း မှတ်ချက်ပြုသွားသည်။

အုပ်စုမဲ မခွဲခင် အချိန်တုန်းကတော့ ဂျာမနီနဲ့ စပိန်တို့လို အင်အားကြီး အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျလာမှာ ကျွန်တော်တို့ တွေးပြီး စိုးရိမ်မိတယ်။ လက်ရှိ အုပ်စု အနေအထားကတော့ အဆင်ပြေပါတယ်။ ကျွန်တော်တို့ အနိမ့်ဆုံး ကွာတားဖိုင်နယ်လောက်တော့ တက်နိုင်မယ့် အလားအလာမျိုး ရှိနေပါတယ်...
"ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ဟာ ရေပန်းမစားမှန်း သိပါတယ်။ ဒါကြောင့် (၂၀၀၈)ခုနှစ်ကထက် ကျွန်တော်တို့မှာ ဖိအားနည်းနေတယ်။ နည်းပြ ဘလန့်ရဲ့ လက်အောက်မှာ ကျွန်တော်တို့ အသင်းဟာ ပိုပြီး လိုက်လျောညီထွေ ကစားနိုင်သလို ပြိုင်ဘက်တိုင်းကို ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်စွမ်း ရှိလာပါတယ်" ဟုလည်း နာဆရီက ပြောကြားသွားသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )