22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, June 4, 2012

မန်ယူအတွက် ပြန်ကစား ပေးနိုင်ရန် နီးစပ် နေပြီဟု ဗီဒစ်ပြောကြား

 
မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပြန်လည် ကစား ပေးနိုင်ရန် အနီးစပ်ဆုံး ဖြစ်နေပြီဟု နီမန်ဂျာ ဗီဒစ်က ဖွင့်ဟ ပြောကြားလိုက်သည်။

အသက်(၃၀) အရွယ်ရှိ ဆာဘီးယား ဗဟို ခံစစ်မှူးသည် ဒီဇင်ဘာလကတည်းက ဒူးဒဏ်ရာကြောင့် မန်ယူအသင်း အတွက် မကစား ပေးနိုင်ဘဲ လွဲချော် ခဲ့ရသည်။ အသင်းခေါင်းဆောင် ဗီဒစ်ကို ကာလရှည်ကြာ ဆုံးရှုံး ထားရခြင်းနှင့် အတူ မန်ယူသည် ပြီးခဲ့သော ဘောလုံး ရာသီက ရုန်းကန် ခဲ့ရပြီး ဖလားလက်မဲ့ အဖြစ်နှင့် ရာသီ သိမ်းခဲ့ရသည်။ ဗီဒစ်သည် ဒီဇင်ဘာလက ချန်ပီယံလိဂ် ပွဲစဉ်တွင် ဘေဆယ်လ်နှင့် ကစားရင်း တစ်ဖက်အသင်း ကစားသမားနှင့် ထိခိုက်ရာမှ ဒူးလည်သွားပြီး ဆိုးဆိုးရွားရွား ဒဏ်ရာ ရခဲ့ခြင်း ဖြစ်သည်။

ကျွန်တော် ခုချိန်မှာ စပြီး ပြေးလွှားနိုင်ပါပြီ။ ကွင်းထဲမှာ ကျွန်တော် အသေးစိတ် လေ့ကျင့်ခန်းတွေ ပြန်စနိုင်ဖို့ ကြိုးစားနေတယ်။ ကျွန်တော် လွန်ခဲ့တဲ့ (၄)လလုံးလုံး နေ့စဉ်နေ့တိုင်း အားကစားရုံမှာ သွားလေ့ကျင့် ခဲ့တာကြောင့် ကာယ ကြံ့ခိုင်မှု အပိုင်းက ခုချိန်မှာ အကောင်းဆုံး ဖြစ်နေပါတယ်...
ဗီဒစ်သည် လာမည့် ရာသီတွင် မန်ယူအတွက် ပြန်ကစားပေးရန် ရည်ရွယ်ထားကြောင်း ပြောဆိုထားပြီး ယခုအခါ လေ့ကျင့်ခန်းများ စတင်ပြုလုပ်နေပြီဟု သိရှိရသည်။ ဗီဒစ်က "ကျွန်တော် ခုချိန်မှာ စပြီး ပြေးလွှားနိုင်ပါပြီ။ ကွင်းထဲမှာ ကျွန်တော် အသေးစိတ် လေ့ကျင့်ခန်းတွေ ပြန်စနိုင်ဖို့ ကြိုးစားနေတယ်။ ကျွန်တော် လွန်ခဲ့တဲ့ (၄)လလုံးလုံး နေ့စဉ်နေ့တိုင်း အားကစားရုံမှာ သွားလေ့ကျင့် ခဲ့တာကြောင့် ကာယ ကြံ့ခိုင်မှု အပိုင်းက ခုချိန်မှာ အကောင်းဆုံး ဖြစ်နေပါတယ်" ဟုလည်း ပြောကြား သွားခဲ့သည်။ မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန် ကိုယ်တိုင်ကလည်း ဗီဒစ်သည် လာမည့်ရာသီ အစောပိုင်းတွင် မန်ယူအတွက် ကစားပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း ပြောဆိုခဲ့ဖူးသည်။
Ref: The Sun
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )