မန်ချက်စတာ စီးတီး အသင်းသည် စပိန် ကွင်းလယ်လူ ဟာဗီးယား မာတီနက်ဇ်ကို ခေါ်ယူရန် အလေးအနက် စီစဉ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ပရီးမီးယားလိဂ် ချန်ပီယံတို့သည် ပေါင်စတာလင် (၂၃)သန်း တန်ကြေး သတ်မှတ်ခြင်း ခံထားရသော စွယ်စုံရ ကစားသမားအား နွေရာသီတွင် ပေါင်စတာလင် (၂၅)သန်းထိ ဈေးပေး ခေါ်ယူရန် အသင့် ရှိနေကြောင်း သိရသည်။ မာတီနက်ဇ်သည် ကွင်းလယ် ကစားသမား တစ်ဦးအဖြစ် ကစားသမား ဘ၀ကို စတင် ခဲ့သော်လည်း ပြီးခဲ့သည့် ရာသီက နည်းစနစ်ပိုင်း လိုအပ်ချက် အရ ဘီလ်ဘာအို အသင်း၏ ဗဟိုခံစစ်တွင် ဆင်းကစား ပေးခဲ့သည်။ မန်စီးတီးသည် အီဒင်ဟာဇက်ကို ခေါ်ယူရေး ကြိုးပမ်းမှု အရေး နိမ့်ခဲ့သည့်နောက် မာတီနက်ဇ်အား အဓိက ပစ်မှတ်အဖြစ် ချိန်ရွယ် လာခဲ့သည်။
အာဆင်နယ်၊ ဘာစီလိုနာနှင့် မန်ချက်စတာ ယူနိုက်တက် အသင်းများကလည်း မာတီနက်ဇ်အား စောင့်ကြည့် နေသည့်တိုင် မန်စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီက အသင်း၏ ခံစစ်ကြောင်း အတွက် မာတီနက်ဇ်ကို အစောတလျင် ကမ်းလှမ်း လာနိုင်ကြောင်း သိရသည်။ မန်စီနီသည် အသင်းမှ အဓိက ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗား၏ စပိန် လက်ရွေးစင် အသင်းဖော်အား အစ်တီဟတ်သို့ အရောက် ခေါ်ယူရန် စိတ်အား ထက်သန်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
မန်စီးတီးသည် အီဒင်ဟာဇက်ကို ခေါ်ယူရေး ကြိုးပမ်းမှု အရေးနိမ့်ခဲ့သည့်နောက် မာတီနက်ဇ်အား အဓိက ပစ်မှတ်အဖြစ် ချိန်ရွယ်လာ...
မန်စီးတီးသည် အေစီမီလန် ခံစစ်မှူး သီယာဂို ဆေးလ်ဗားကို ချိတ်ဆက်ခဲ့သေးသော်လည်း မီလန်က ဘရာဇီးလ် လက်ရွေးစင် အတွက် ပေါင်စတာလင် (၂၅)သန်းအပြင် ပက်ဘလို ဇာဘလက်တာကိုပါ တောင်းဆို ခဲ့ခြင်းကြောင့် အဆင် မပြေခဲ့ကြောင်း သိရှိရသည်။
Ref: Daily Mail
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com