22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, June 4, 2012

ပစ်မှတ် ကစားသမားများ အတွက် မတန်တဆ ငွေသုံးမှုမျိုး ဖာဂူဆန် ပြုလုပ်မည် မဟုတ်

 
အသင်းအတွက် လိုအပ်သော ကစားသမားများ ၀ယ်ယူရန် အတွက် ဆာအဲလက်စ် ဖာဂူဆန် အနေဖြင့် အလွန် အဆင်အခြင် မဲ့သော ငွေကြေးမျိုး သုံးစွဲမည် မဟုတ်ကြောင်း မန်ချက်စတာ ယူနိုက်တက် အသင်း၏ အတွင်းလူ တစ်ဦးက ပြောကြားသွားသည်။

မန်ယူ၏ ပစ်မှတ် ကစားသမားများအတွက် သက်ဆိုင်ရာ ကလပ် အသင်းများက ပြောင်းရွှေ့ကြေးကို မတန်တဆ ဈေးတင် ထားသော်လည်း ထိုခေါ်ဈေး အတိုင်း လိုက်လံ ပေးချေမည် မဟုတ်ဟု အဆိုပါ သတင်း ရင်းမြစ်က ဆိုသည်။ အကယ်၍ မန်ယူ အသင်းသည် ခေါ်ဈေး အတိုင်းသာ ဈေးပေးရမည် ဆိုပါက လူကာ မိုဒရစ် အတွက် ပေါင်စတာလင် (၃၂)သန်း၊ ချိခ်တီယော့တီ အတွက် ပေါင်စတာလင် သန်း(၂၀)၊ လေတန်ဘိန်းစ်အတွက် ပေါင်စတာလင် သန်း(၂၀) အသီးသီး ဈေးပေးရမည် ဖြစ်သည်။ သို့သော်လည်း ဖာဂူဆန်က ကစားသမား (၃)ဦးအတွက် ပေါင်စတာလင် (၇၂)သန်း ကုန်ကျခံမည် မဟုတ်ဟု မန်ယူ အသင်း၏ အတွင်းလူ တစ်ဦးက ပြောကြားသွားသည်။

ဈေးကွက်အတွင်း ရူးမိုက်သော ငွေကြေး သုံးစွဲမှုများ မပြုလုပ်ဟု ကြိုတင် ပြောဆိုထားသည့် စကော့သား မန်နေဂျာကြီး အနေဖြင့် မတန်တဆ ဈေးနှုန်းမျိုး လုံးဝ မသုံးစွဲနိုင်ဟု ထိုသူက ဆိုသည်။ "အသင်းက အဲဒီ ကစားသမား (၃)ယောက်ကို စုံစမ်းမှုတွေ လုပ်ခဲ့တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ မတန်တဆ တောင်းဆိုနေတဲ့ ဈေးတွေကိုတော့ ဆာအဲလက်စ်က ပေးချေမှာ မဟုတ်ဘူး" ဟု ၎င်းက ပြောကြားသွားသည်။ လက်ရှိတွင် ချယ်လ်ဆီး အသင်းသည် နယူးကာဆယ် ယူနိုက်တက် အသင်းမှ ကွင်းလယ် အဖျက် ကစားသမား တီယော့တီကို ပေါင်စတာလင် သန်း(၂၀) ပေးချေပြီး ခေါ်ယူမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

အသင်းက အဲဒီ ကစားသမား (၃)ယောက်ကို စုံစမ်းမှုတွေ လုပ်ခဲ့တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ မတန်တဆ တောင်းဆိုနေတဲ့ ဈေးတွေကိုတော့ ဆာအဲလက်စ်က ပေးချေမှာ မဟုတ်ဘူး...
မန်ယူသည် ဘိုရပ်ရှားဒေါ့တ်မန် အသင်းမှ ဂျပန်ကွင်းလယ်လူ ရှင်ဂျီကာဂါဝါကို စာချုပ်ရန် အပြီးသတ် လုပ်ဆောင် နေသော်လည်း အလုပ် လုပ်ခွင့်ပါမစ် ကိစ္စကြောင့် အတန်ငယ် နှောင့်နှေး နေဆဲဟုလည်း သိရှိရသည်။
Ref: Daily Mail

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )