22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, June 4, 2012

FAနှင့် ဟော့ဂ်ဆန်တို့သည် ဖာဒီနန် အပေါ် လေးစားမှု မရှိဟု အေးဂျင့်ဖြစ်သူ ဝေဖန်

ရီယိုဖာဒီနန်၏ အေးဂျင့် ဖြစ်သူက FAနှင့် အင်္ဂလန် အသင်း မန်နေဂျာ ရွိုင်ဟော့ဂ်ဆန်တို့သည် မိမိ၏ ကစားသမား အပေါ် လေးစားသော ဆက်ဆံမှု မရှိကြောင်း ဝေဖန် ပြစ်တင်လိုက်သည်။

FAသည် ဘယ်လ်ဂျီယံနှင့် ခြေစမ်းပွဲတွင် မေးရိုးဒဏ်ရာ ရရှိ သွားသဖြင့် အသင်း၏ ဥရောပ ဖလား ပြိုင်ပွဲဝင် စာရင်းမှ နုတ်ထွက် ခဲ့ရသော ချယ်လ်ဆီး နောက်ခံလူ ဂယ်ရီကာဟေးလ် နေရာတွင် လီဗာပူးလ် ခံစစ်မှူး မာတင်ကယ်လီကို ရွေးချယ်ကြောင်း ကြေညာခဲ့သည်။ ယင်းမတိုင်မီက FAသည် ဒဏ်ရာ ရခဲ့သော ဖရန့်ခ်လမ်းပတ် နေရာတွင် ဂျော်ဒန် ဟန်ဒါဆင်ကို လည်းကောင်း၊ ဂါရတ်သ် ဘယ်ရီနေရာတွင် ဖီးလ်ဂျာဂီလ်ကာကို လည်းကောင်း အသီးသီး ရွေးချယ်ခဲ့သည်။ အင်္ဂလန်တွင် လူစားထိုး အဖြစ် နောက်ဆုံး ပါဝင်လာသူ ကယ်လီသည် လက်ရွေးစင် အတွေ့အကြုံ (၂)မိနစ်စာသာ ရှိသေးသည်။

အသက်(၃၃)နှစ်ရှိ မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ဖာဒီနန်အား ဥရောပ ဖလား ပြိုင်ပွဲဝင် လူစာရင်းတွင် ချန်လှပ်ခဲ့စဉ်က ဟော့ဂ်ဆန်က ဘောလုံးနှင့် ပတ်သက်သော အကြောင်း ပြချက်ကြောင့်ဟု ပြောဆိုခဲ့သော်လည်း အင်္ဂလန် ခံစစ်မှူး ဂျွန်တယ်ရီနှင့် ပုဂ္ဂိုလ်ရေး ပြဿနာ ရှိနေခြင်းကြောင့် ချန်လှပ်ခံရခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။ ယခုအခါ အင်္ဂလန် အသင်းမှ ကစားသမား (၃)ဦးဆက် နုတ်ထွက်ရချိန်တွင် ဖာဒီနန်ကို ရှောင်ဖယ်သော လူရွေးချယ်မှုများ ပြုလုပ် ခဲ့ပြီးနောက် ဟော့ဂ်ဆန်နှင့် FAအား ဖာဒီနန်၏ အေးဂျင့် ဂျေမီ မိုရာလီက တိုက်ရိုက် ဝေဖန်သွားခဲ့သည်။

ဖာဒီနန်က ဘာကြောင့် အပယ်ခံရတာလဲ။ သူဟာ အင်္ဂလန်အတွက် စိတ်ဓာတ်အပြည့်နဲ့ (၈၁)ပွဲ ကစားပေးခဲ့တယ်။ ဒီလို ကစားသမားမျိုးအတွက် လက်ရှိ ဖြစ်ပျက်နေတဲ့ ဆက်ဆံပုံတွေက တန်သလား...

မိုရာလီက "လမ်းပတ်၊ တယ်ရီ၊ ဘယ်ရီနဲ့ ဂျရတ်တို့ အားလုံးဟာ အသက်အရွယ် ရနေပြီဖြစ်တဲ့ ကစားသမားတွေပါ။ သူတို့အားလုံး ဥရောပဖလားမှာ ပါဝင်ခွင့်ရတယ်။ ဖာဒီနန်က ဘာကြောင့် အပယ် ခံရတာလဲ။ သူဟာ အင်္ဂလန် အတွက် စိတ်ဓာတ် အပြည့်နဲ့ (၈၁)ပွဲ ကစားပေးခဲ့တယ်။ ဒီလို ကစားသမားမျိုး အတွက် လက်ရှိ ဖြစ်ပျက်နေတဲ့ ဆက်ဆံပုံတွေက တန်သလား။ FAနဲ့ ဟော့ဂ်ဆန်တို့ဟာ အသင်းအတွက် အကောင်းဆုံး ကြိုးစားပေးခဲ့သူ တစ်ယောက်ကို လေးစားရမှန်း နားမလည်ကြပါဘူး။ ဒီလို စိတ်ဓာတ်မျိုးတွေအတွက် ကျွန်တော် စိတ်ပျက်မိတယ်"ဟု ပြောကြားသွားသည်။

ဖာဒီနန် ကိုယ်တိုင်ကလည်း "ဘောလုံးနဲ့ ပတ်သက်တဲ့ အကြောင်းပြချက်တဲ့လား။ ဘာအကြောင်းပြချက်လဲ"ဟု ခနဲ့တဲ့တဲ့ ရေးသားသွားခဲ့သည်။
Ref: The Sun
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )