22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, June 4, 2012

အနယ်လ်ကာကို ခေါ်ယူရန် စိတ်ဝင်စား နေသည့် စပါး

တော့တင်ဟမ် ဟော့စပါး အသင်းသည် ချယ်လ်ဆီး တိုက်စစ်မှူးဟောင်း နီကိုလက်စ် အနယ်လ်ကာကို ပရီးမီးယားလိဂ်သို့ တစ်ကျော့ပြန် ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။

တိုက်စစ်မှူး တစ်ဦး လိုက်လံ ရှာဖွေနေသော စပါးသည် လန်ဒန်မြို့ခံ ပြိုင်ဘက်အတွက် ခြေစွမ်းပြ ကစားပေးခဲ့ဖူးသော အသက်(၃၃)နှစ်အရွယ် ပြင်သစ် လက်ရွေးစင်ဟောင်းကို စောင့်ကြည့်လျှက် ရှိနေသည်။ အနယ်လ်ကာသည် ဇန်န၀ါရီလက တရုတ်ကလပ် ရှန်ဟိုင်းရှန်ဟွာ အသင်းသို့ ပြောင်းရွှေ့ သွားပြီးနောက် အသင်းတွင် နည်းပြလက်မဲ့ ဖြစ်နေချိန်များအတွင်း ကစားသမား နည်းပြအဖြစ် တာဝန်နှစ်ခု ပူးတွဲ ရယူပေးခဲ့သည်။ ယခုအခါ စပါး အသင်းသည် အနယ်လ်ကာကို ခေါ်ယူရန် ချိန်ဆ စဉ်းစားနေကြောင်း သတင်းများက ဆိုသည်။
တရုတ်ကလပ်တွင် နည်းပြအဖြစ်ပါ တာဝန်ယူနေသည့် အနယ်လ်ကာ

သို့သော်လည်း အနယ်လ်ကာသည် ရှန်ဟိုင်းတွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၂)သိန်းဝန်းကျင်မျှ ခံစားခွင့် ရှိနေသည်ဆိုသော သတင်းကမူ စပါးအတွက် အခက်အခဲတစ်ရပ် ဖြစ်လာနိုင်သည်။ စပါးသည် မန်ချက်စတာ စီးတီးထံမှ အငှားခေါ်ယူထားသည် အီမန်နျူရယ်လ် အဒီဘာယောအား အပြီးသတ် စာချုပ်ရန် ခက်ခဲ နေသည့်နောက် အားထားရသော တိုက်စစ်မှူး တစ်ဦးကို ရှာဖွေနေသည်။ စပါးမန်နေဂျာ ဟယ်ရီရက်နပ်သည် နယူးကာဆယ်လ် ယူနိုက်တက်မှ ဆီနီဂေါ လက်ရွေးစင် ဒမ်ဘာဘားကိုလည်း ချိန်ရွယ်နေကြောင်း သိရှိရသည်။
အနယ်လ်ကာသည် ရှန်ဟိုင်းတွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၂)သိန်းဝန်းကျင်မျှ ခံစားခွင့် ရှိနေသည်ဆိုသော သတင်းကမူ စပါးအတွက် အခက်အခဲတစ်ရပ် ဖြစ်လာနိုင်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )