ခရူဝီ အလက်ဇန္ဒား ကွင်းလယ် ကစားသမားလေး နစ်ခ်ပိုဝဲလ်ကို ခေါ်ယူရန် အတွက် မန်ချက်စတာ ယူနိုက်တက်၊ ချယ်လ်ဆီးတို့နှင့် အပြိုင် အာဆင်နယ်ကလည်း စတင် ကြိုးပမ်းလာကြောင်း သိရှိရသည်။
အသက်(၁၈)နှစ်ရှိ ပိုဝဲလ်သည် ခရူဝီ အသင်းအား ပထမတန်းသို့ တက်ရောက် ယှဉ်ပြိုင်ခွင့် ရရှိအောင် အကောင်းဆုံး စွမ်းဆောင် ပေးခဲ့ပြီးနောက် နွေရာသီတွင် အသင်းမှ ထွက်ခွာမည်ဟု သတင်း ကြီးနေသည်။ ပင်ကိုယ် ဂိုးသွင်းပါရမီ ပြည့်ဝသော အလယ်တန်း ကစားသမားလေးသည် ယခုရာသီ အတွင်း ခရူဝီအတွက် (၁၆)ဂိုး သွင်းယူပေးခဲ့သည်။ ထို့ကြောင့် မန်ယူနှင့် ချယ်လ်ဆီးကဲ့သို့ အင်္ဂလန်၏ ထိပ်သီး ကလပ် အသင်းကြီးများသည် ပိုဝဲလ်၏ အနေအထားကို အထူးတလည် စိတ်ဝင်စားမှု ပြသလာသည်။
မန်ယူသည် ပိုဝဲလ်အတွက် ခရူဝီ အသင်းနှင့် အတည်ပြု ဆွေးနွေးပြီး ဖြစ်သည်ဟုလည်း ယုံကြည်ရသည်။ ယခုအခါ အာဆင်နယ် အသင်း၏ မန်နေဂျာဖြစ်သူ အာစင်ဝင်းဂါးသည်လည်း မန်ယူ၊ ချယ်လ်ဆီးတို့နှင့် အပြိုင် ပိုဝဲလ်ကို ၀င်ရောက် ကမ်းလှမ်းရန် ကြိုးပမ်း လာခဲ့သည်။ ၀င်းဂါးသည် နွေရာသီတွင် အဓိက အကျဆုံး ပစ်မှတ်တစ်ခု အဖြစ် ပိုဝဲလ်အား အာရုံစိုက်လာနိုင်ကြောင်း သတင်းများက ဆိုသည်။ သို့သော်လည်း ခရူဝီအသင်း၏ ဘောလုံး ဒါရိုက်တာ ဒါရီယို ဂရာဒီက ပိုဝဲလ်၏ အနာဂတ်နှင့် ပတ်သက်ပြီး တိတိကျကျ သတ်မှတ်ပေးရန် ခက်ခဲနေဆဲ ဖြစ်ကြောင်း ပြောဆိုသွားသည်။
ပင်ကိုယ် ဂိုးသွင်းပါရမီ ပြည့်ဝသော အလယ်တန်း ကစားသမားလေးသည် ယခုရာသီ အတွင်း ခရူဝီအတွက် (၁၆)ဂိုး သွင်းယူပေးခဲ့...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com