ဖရန့်ခ်လမ်းပတ် ဒဏ်ရာ ရသွားခြင်းသည် အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ကြီးမားသော ဆုံးရှုံးမှု တစ်ခု ဖြစ်လာကြောင်း စတီဗင်ဂျရတ်က ၀န်ခံ ပြောဆိုလိုက်သည်။
ချယ်လ်ဆီး အသင်း၏ ကွင်းလယ်လူ လမ်းပတ်သည် ပေါင်ဒဏ်ရာ အရှင်းပျောက်ကင်းမှု မရှိခြင်းကြောင့် ဥရောပဖလား ပြိုင်ပွဲဝင် အင်္ဂလန်အသင်း၏ (၂၃)ဦး စာရင်းမှ နုတ်ထွက် ခဲ့ရသည်။ မန်နေဂျာ ရွိုင်ဟော့ဂ်ဆန် အနေဖြင့် အသင်းကို ဦးဆောင်မှုပေးနိုင်သည့် ၀ါရင့် ကစားသမားအား ဆုံးရှုံးခဲ့ ရခြင်းအတွက် အကျပ် တွေ့ခဲ့ပြီး လီဗာပူးလ်မှ လူငယ် ကစားသမား ဂျော်ဒန်ဟန်ဒါဆင်ကို အစားထိုး ဖြည့်ဆည်းရန် စီစဉ်ခဲ့ရသည်။ အင်္ဂလန်သည် ဂါရတ်သ်ဘယ်ရီကိုလည်း ဆုံးရှုံး ထားရပြီး လမ်းပတ်ကိုပါ လက်လွှတ်ရခြင်းသည် အလွန် စိတ်ပျက်စရာ အခက်အခဲ တစ်ခုအဖြစ် ဂျရတ်က ၀န်ခံခဲ့သည်။

လီဗာပူးလ် အသင်းခေါင်းဆောင် ဂျရတ်က "လမ်းပတ် အိမ်ပြန် သွားရပါတယ်။ ဒါဟာ အင်္ဂလန်အတွက် အရမ်းဆိုးရွားတဲ့ ထိုးနှက်ချက် တစ်ခုပါပဲ။ ဘယ်ရီကိုလည်း ဒီလိုပုံစံနဲ့ ဆုံးရှုံး ခဲ့ပြီးပါပြီ။ ဘာပဲဖြစ်ဖြစ် လေ့ကျင့်ရေး အစီအစဉ်မှာတော့ ကစားသမားတွေဟာ (၁၀၀)ရာခိုင်နှုန်း တက်တက်ကြွကြွ ရှိနေကြဆဲပါ။ လောလောဆယ် အနေအထားမှာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ညှာပြီး စိတ်အေးလက်အေး လုပ်မနေနိုင်ပါဘူး။ ဒီနေ့ လေ့ကျင့်ခန်း အစီအစဉ်ဆို Tempo အရမ်းမြင့်ပြီး ကာယပိုင်းကို အရမ်း အားပြုခဲ့ရတယ်။ အသင်း အနေနဲ့ ပြိုင်ပွဲမှာ အကောင်းဆုံး အခြေအနေ ဖြစ်နေဖို့ ဒီလို အပင်ပန်းခံဖို့ လိုအပ်ပါတယ်"ဟု ပြောကြားသွားသည်။
လမ်းပတ် အိမ်ပြန် သွားရပါတယ်။ ဒါဟာ အင်္ဂလန်အတွက် အရမ်းဆိုးရွားတဲ့ ထိုးနှက်ချက် တစ်ခုပါပဲ...
၎င်းက လမ်းပတ်နေရာ အစားဝင်လာသူ ဟန်ဒါဆင်နှင့် ပတ်သက်ပြီးလည်း အကောင်းမြင် မျှော်လင့်မိကြောင်း ဆိုသည်။ "ဟန်ဒါဆင်ကတော့ စိတ်လှုပ်ရှား နေမှာပါ။ သူက အင်္ဂလန် အတွက် ပါဝင်လာပေမယ့် ဒီလို အနေအထားကို ပျော်မှာ မဟုတ်ပါဘူး။ အသင်းရဲ့ ဘယ်ကစားသမားကိုမှ ဒဏ်ရာ မရစေချင်တာ အင်္ဂလန်သားတိုင်းရဲ့ ဆန္ဒပါ။ ဘာပဲဖြစ်ဖြစ် ဟန်ဒါဆင်ဟာ ခုချိန်မှာ အခွင့်အရေး တစ်ခု ရှိလာပါပြီ။ သူဟာ ထူးချွန်တဲ့ ကစားသမား တစ်ယောက် ဖြစ်သလို အနာဂတ် အတွက်လည်း အများကြီး မျှော်လင့် ထားနိုင်သူပါ" ဟု ဂျရတ်က မှတ်ချက် ပြုသွားသည်။
Ref: The Sun



6:14 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com