22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 2, 2012

လီဗာပူးလ်ကို တစ်ခေတ် ဆန်းရာတွင် ဂျရတ်နှင့် ကာရေဂါတို့က အဓိက ကျမည်ဟု ရော့ဂျာ မျှော်လင့်ထား

လီဗာပူးလ်ကို ခေတ်တစ်ခု ပြန်လည် ထူထောင်ရန် မျှော်လင့်ထားသော မိမိအတွက် စတီဗင်ဂျရတ်နှင့် ဂျင်မီ ကာရေဂါတို့ကို အဓိက အားပြုရမည်ဟု မန်နေဂျာသစ် ဘရန်ဒန် ရော့ဂျာက ပြောကြားလိုက်သည်။

လီဗာပူးလ် ဇာတိဖွား ၀ါရင့် ကစားသမားကြီး နှစ်ဦးသည် ၎င်းတို့၏ ခြေစွမ်းကို ထိန်းသိမ်းကာ လာမည့်ရာသီ အသင်း၏ တည်ငြိမ်သော ချီတက်မှု အတွက် ဦးဆောင်ဦးရွက် ပြုပေးနိုင်မည်ဟု ရော့ဂျာက ယုံကြည်နေသည်။ ရော့ဂျာသည် လီဗာပူးလ်ကို အမြင်သစ်ဖြင့် တည်ဆောက်ပြီး အောင်မြင်မှုများ ရယူပေး လိုကြောင်းလည်း ဖွင့်ဟခဲ့သည်။ လီဗာပူးလ် လူငယ်အကယ်ဒမီမှ တက်လှမ်း ထွက်ပေါ်လာသော ဂျရတ်နှင့် ကာရေဂါ တို့သည် အနာဂတ်တွင်လည်း အသင်း၏ အဓိက အကျဆုံး နှလုံး ခုန်သံများ ဖြစ်နေမည်ဟု မန်နေဂျာသစ်က ယုံကြည်လျှက် ရှိသည်။
လီဗာပူးလ် အသင်းခေါင်းဆောင် ဂျရတ်

ရော့ဂျာက "ကျွန်တော် ဂျရတ်နဲ့ စကားပြောပြီးပါပြီ။ သူနဲ့ ဆွေးနွေးရတာ အဆင်ပြေပါတယ်။ သူဟာ တကယ် ထူးချွန်တဲ့ ကစားသမားပါ။ ကျွန်တော် ကာရေဂါကိုလည်း ဖုန်းဆက်ပြီးပြီ။ ဒါပေမဲ့ သူက ဒူဘိုင်း ရောက်နေတယ် ဆိုတော့ မဆုံဖြစ်ဘူး။ ပြီးတော့ ကာရေဂါက ကျွန်တော့်ဆီ Message ပို့ပါတယ်။ ကျွန်တော်ဟာ ကစားသမားတွေနဲ့ အမြဲတမ်း ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး တည်ဆောက်နိုင်ခဲ့သူပါ။ လီဗာပူးလ်မှာလည်း ဒါဟာ အပြောင်းအလဲ ရှိလာမယ် မထင်ပါဘူး" ဟု ထုတ်ဖော် ပြောဆိုသွားသည်။

ဂျရတ်နဲ့ ကာရေဂါလို ကစားသမားတွေက လီဗာပူးလ် ဂျာစီကို နှစ်ပေါင်းများစွာ ၀တ်ဆင် လာပြီးပါပြီ။ နောက်လည်း လီဗာပူးလ် လျှောက်လှမ်းမယ့် အောင်မြင်မှုတွေ အတွက် သူတို့က ဦးဆောင်နိုင်မယ် ထင်ပါတယ်...
၎င်းက "ဂျရတ်ဟာ ဥာဏ်ရည် ထက်မြက်ပြီး ထူးချွန်တဲ့ ခေါင်းဆောင် တစ်ယောက်ပါ။ သူဟာ ထူးချွန်တဲ့ ကမ္ဘာ့အဆင့် ကစားသမား တစ်ယောက်မှန်း ကျွန်တော် သဘောပေါက်ပါတယ်။ သူ့လို နာမည်ကျော် ကစားသမားတွေ အပေါ် ကျွန်တော် လေးစားမှုလည်း ရှိတယ်။ လီဗာပူးလ် အသင်းရဲ့ ဂျာစီဟာ တခြားအသင်း ဂျာစီတွေထက် ပိုပြီး တာဝန်ကြီးကြီး ၀တ်ဆင်ရတာပါ။ ဒီဂျာစီရဲ့ တန်ဖိုးကြောင့် ကစားသမားကောင်းတွေ လီဗာပူးလ်ကို ရောက်လာကြပါတယ်။ ဂျရတ်နဲ့ ကာရေဂါလို ကစားသမားတွေက  လီဗာပူးလ် ဂျာစီကို နှစ်ပေါင်းများစွာ ၀တ်ဆင် လာပြီးပါပြီ။ နောက်လည်း လီဗာပူးလ် လျှောက်လှမ်းမယ့် အောင်မြင်မှုတွေ အတွက် သူတို့က ဦးဆောင်နိုင်မယ် ထင်ပါတယ်" ဟု ပြောကြား သွားခဲ့သည်။
Ref: Daily Post
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )