အာဆင်နယ် အသင်းခေါင်းဆောင် ရော်ဘင် ဗန်ပါစီအား ယခု နွေရာသီတွင် ကမ်းလှမ်း ခေါ်ယူရန် အစီအစဉ် တစ်ခု ရှိလာနိုင်ကြောင်း မန်ချက်စတာ စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီက အရိပ်အမြွက် ပြောဆိုလိုက်သည်။
အီတလီသား မန်နေဂျာကြီးက လက်ရှိ အသင်းမှ တိုက်စစ်မှူး အချို့ ထွက်ခွာသွားပါက တိုက်စစ်မှူးသစ် တစ်ဦးကို ခေါ်ယူမည်ဟု ပြောကြားခဲ့ပြီး မိမိသည် ဗန်ပါစီကို လေးစား နှစ်သက်ကြောင်း ဖွင့်ဟခဲ့သည်။ နယ်သာလန် လက်ရွေးစင် ဗန်ပါစီသည် အမ်းမရိတ်စ်တွင် ဆက်နေရန် ကမ်းလှမ်းထားသည့် စာချုပ်ကို ငြင်းဆို ထားသည့်နောက် အာဆင်နယ်နှင့် ကစားသမားကြား လက်ကျန် စာချုပ်သည် (၁)နှစ်သာ သက်တမ်း ရှိတော့သည်။ အာဆင်နယ်ကမူ ဗန်ပါစီကို ဥရောပဖလား ပြိုင်ပွဲအပြီးတွင် သက်တမ်း တိုးနိုင်ရန် မျှော်လင့်လျှက် ရှိနေဆဲဖြစ်သည်။
မန်စီနီက "တကယ်လို့များ ကျွန်တော်တို့ အသင်းက တိုက်စစ်မှူးတွေ ထွက်ခွာသွားမယ် ဆိုရင်တော့ ကျွန်တော် တိုက်စစ်မှူးသစ် တစ်ယောက်ကို ခေါ်ဖြစ်မှာပါ။ လောလောဆယ်တော့ အသင်းက ကစားသမားတွေကို ကျွန်တော် ဆက်ထိန်းထားချင်ပါတယ်။ ဗန်ပါစီဟာ ကမ္ဘာ့အဆင့် ကစားသမား တစ်ယောက်ပါ။ အာဆင်နယ်က ဂေးလ်ကလစ်ချီ၊ ဆမ်မီနာဆရီတို့ကို ခေါ်ယူဖူးပေမယ့် ဗန်ပါစီရဲ့ အနေအထားကတော့ ကွဲပြားနိုင်ပါတယ်။ အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးကလည်း ဗန်ပါစီကို ဆက်ထိန်းထားမှာ သေချာပါတယ်" ဟု ပြောဆိုသွားသည်။
ဗန်ပါစီဟာ ကမ္ဘာ့အဆင့် ကစားသမား တစ်ယောက်ပါ။ အာဆင်နယ်က ဂေးလ်ကလစ်ချီ၊ ဆမ်မီနာဆရီတို့ကို ခေါ်ယူဖူးပေမယ့် ဗန်ပါစီရဲ့ အနေအထားကတော့ ကွဲပြားနိုင်ပါတယ်...
၎င်းက နာပိုလီ တိုက်စစ်မှူး အီဒင်ဆန် ကာဗာနီကို အလိုရှိသော်လည်း လက်တွေ့မကျကြောင်း ၀န်ခံသွားသည်။ "ပြောရရင် ကာဗာနီကို စာချုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူ့ရဲ့ လက်ရှိ ပေါက်ဈေးကြောင့်ပါ။ ဗန်ပါစီကတော့ အခြေအနေခြင်း မတူပါဘူး။ သူ့စာချုပ်က သက်တမ်းကုန်ခါ နီးပါပြီ။ တကယ်တော့ ကာဗာနီဟာလည်း အလုံးစုံ ပြည့်စုံတဲ့ ကစားသမားမျိုးပါ။ ကျွန်တော် အင်တာမီလန်ကို ကိုင်တွယ်ကတည်းက သူ့ကို လိုချင်ခဲ့တာ ဖြစ်ပါတယ်" ဟု မန်စီနီက ဖွင့်ဟသွားခဲ့သည်။
Ref: Goal

6:17 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com