22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 2, 2012

ရီးယဲလ်ကို ဟီဂူအင်း စွန့်ခွာမည် မဟုတ်ဟု အေးဂျင့်ဖြစ်သူ အာမခံ

ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ဟီဂူအင်း အနေဖြင့် အသင်း အမြောက်အမြား၏ စိတ်ဝင်စားမှုကို ခံရသည့်တိုင် စပိန် ချန်ပီယံ တို့အား စွန့်ခွာမည် မဟုတ်ဟု အေးဂျင့် ဖြစ်သူက အတည်ပြုခဲ့သည်။

အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူးသည် ဘာနေဗျူး ကွင်းကြီးတွင်ပင် ဆက်နေမည်ဖြစ်ပြီး ယခုနွေရာသီတွင် အသင်း ပြောင်းရွှေ့နိုင်ကြောင်း ခန့်မှန်း နေမှုများအား အေးဂျင့် နော်ဘတ်တို ရီကန်ဆန်စ်က ပယ်ချလိုက်သည်။ အသက်(၂၄)နှစ်ရှိ ဟီဂူအင်းသည် ရီးယဲလ် တိုက်စစ်တွင် ကီရင်ဘန်ဇီးမားနှင့် အလှည့်ကျ နေရာရနေသူ ဖြစ်ပြီး ၎င်းကို ချယ်လ်ဆီး၊ မန်ချက်စတာ စီးတီး၊ ဂျူဗင်းတပ်စ်၊ အစရှိသော အသင်းများက စိတ်ဝင်စားနေသည်။ သို့သော်လည်း ရေးဗားပလိတ် ကစားသမားဟောင်းသည် မက်ဒရစ်မြို့တော်မှ အဖြူရောင် ဂျာစီဝတ် အသင်းတွင်သာ ဆက်ရှိမည်ဟု ရီကန်ဆန်စ်က ဆိုသည်။
ရီးယဲလ်တွင် ဆက်ရှိနေဦးမည့် ဟီဂူအင်း

အေးဂျင့်က "ဟီဂူအင်းဟာ ရီးယဲလ်ကနေ ဘယ်မှ မပြောင်းပါဘူး။ သူဟာ စာချုပ်သက်တမ်း ကျန်ရှိနေသလောက် အသင်းမှာ ဆက်နေမှာပါ" ဟု ပြောကြားခဲ့သည်။ ၎င်းက "ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ကမ်းလှမ်းမှု တချို့ ရရှိ ထားခဲ့ပါတယ်။ ဒါပေမဲ့ ဟီဂူအင်းဟာ မက်ဒစ်မှာ အခြေ ကျနေပါပြီ။ ရီးယဲလ်မှာ ကစားရတာကို သူသိပ်ပျော်ရွှင်ပါတယ်။ သူကစားနေတာဟာ တတိယတန်းက အသင်း တစ်သင်းမှ မဟုတ်တာ။ ဟီဂူအင်း အနေနဲ့ ပထမပွဲထွက် ကစားသမား နေရာကို လိုချင်နေတာတော့ အမှန်ပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီမှာပဲ သူပျော်နေတာပါ" ဟု ပြောကြားသွားသည်။

ဟီဂူအင်းဟာ ရီးယဲလ်ကနေ ဘယ်မှ မပြောင်းပါဘူး။ သူဟာ စာချုပ်သက်တမ်း ကျန်ရှိနေသလောက် အသင်းမှာ ဆက်နေမှာပါ...
ဟီဂူအင်းသည် ယခုရာသီ ရီးယဲလ်အသင်း လာလီဂါ ချန်ပီယံဖြစ်အောင် အဓိက နေရာမှ ဦးဆောင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။ ၎င်းသည် (၂၀၁၆)ထိ အသင်းနှင့် စာချုပ်သက်တမ်း ကျန်ရှိနေသေးသည်။
Ref: Goal
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )