ပြင်သစ် အသင်းနှင့် အတူ ဥရောပ ဖလား ပြိုင်ပွဲတွင် ပွဲဦးထွက် ကစားရန် ပြင်ဆင် နေချိန်တွင် အသင်းဟောင်း အာဆင်နယ်အား ဆမ်မီ နာဆရီက နောက်တစ်ကြိမ် ထိုးနှက် တိုက်ခိုက်လိုက်ကြောင်း သိရသည်။
ပရီးမီးယားလိဂ် ချန်ပီယံဆုကို မန်ချက်စတာ စီးတီးနှင့်အတူ ဆွတ်ခူး ရရှိချိန်က တတိယ နေရာရသဖြင့် ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့် အတွက် အောင်ပွဲ ခံနေသော အာဆင်နယ်ကို "ကိုယ့်ဖာသာ တတိယ နေရာအတွက် အောင်ပွဲ ခံကြပေါ့။ ကျွန်တော်ကတော့ မန်စီးတီးနဲ့ အတူ ချန်ပီယံ ဆုဖလားတွေ အတွက်ပဲ အာရုံ စိုက်တော့မယ်" ဟု ရိသဲ့သဲ့ ပြောဆိုဖူးသော နာဆရီသည် အာဆင်နယ်ကို နောက်တစ်ကြိမ် ထိုးနှက်လာခြင်း ဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် နွေရာသီက အာဆင်နယ်နှင့် ခါးသီးစွာ လမ်းခွဲ ခဲ့သူလည်း ဖြစ်သည်။
နာဆရီက "အဲဒီ အသင်းကနေ ကျွန်တော် ထွက်လာရတာ သိပ်ပျော်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မန်စီးတီးဟာ ဆုဖလားတွေ အတွက် တကယ်တမ်း တိုက်ပွဲ ၀င်နိုင်စွမ်း ပိုကြီးမားတဲ့ အသင်းမို့လို့ပါ။ မန်စီးတီးမှာ ဆုဖလား ဆိုတာ အိပ်မက် သက်သက် မဟုတ်နိုင်ဘူးလေ" ဟု အာဆင်နယ်အား စောင်းမြောင်း ပြောဆို သွားခဲ့သည်။ အာဆင်နယ်သည် လွန်ခဲ့သော (၇)နှစ်အတွင်း ဖလားတစ်လုံးမျှ မရရှိခဲ့ချေ။ နာဆရီက "ကျွန်တော် ထပ်ပြောလိုက်ဦးမယ်။ အာဆင်နယ်ကို ကျွန်တော် စွန့်ခွာ ခဲ့တယ်ဆိုတာ ပိုက်ဆံကြောင့် မဟုတ်ဘူး။ ကျွန်တော့်ရဲ့ အားကစား ရည်မှန်းချက်ကြောင့်ပဲ။ ဒီစကားကို မယုံတဲ့ သူတွေကတော့ ကိုယ့်ပြဿနာနဲ့ ကိုယ်ပဲလေ" ဟုလည်း ပြောကြား သွားသေးသည်။
အဲဒီ အသင်းကနေ ကျွန်တော် ထွက်လာရတာ သိပ်ပျော်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မန်စီးတီးဟာ ဆုဖလားတွေ အတွက် တကယ်တမ်း တိုက်ပွဲ ၀င်နိုင်စွမ်း ပိုကြီးမားတဲ့ အသင်းမို့လို့ပါ။ မန်စီးတီးမှာ ဆုဖလား ဆိုတာ အိပ်မက် သက်သက် မဟုတ်နိုင်ဘူးလေ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com